Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပြည်နယ်နှင့် တိုင်းအဆင့်တွင် အဆင့်(၃)ရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး ဂျူဒိုအားကစားသမားများအား ဂုဏ်ပြုပွဲနှင့် သွားရောက်ယှဉ်ပြို…
Jun 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပြည်နယ်နှင့်တိုင်း ဂျူဒိုပြိုင်ပွဲတွင် ရွှေ(၄)ဆု၊ ငွေ(၄)ဆုနှင့် ကြေး(၃)ဆုဖြင့် အဆင့်(၃)ရရှိခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး ဂျူဒိုအားကစားသမားများအား ဂုဏ်ပြုပွဲနှင့် ပြည်နယ်နှင့် တိုင်းရေကူးအားကစားပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းရေကူးအားကစားအဖွဲ့များအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်က မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ညောင်ရွှေမြို့နယ် အ.ထ.က အင်းပေါခုံ (RCC)သုံးထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနား တက်ရောက်
Jun 09,2024
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူမျာသည် ယနေ့နံနက် (၉)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် နန်းပန်မြို့ရှိ အ.ထ.က အင်းပေါခုံ (RCC)သုံးထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနား တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အမ်းမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားကျင်းပ
Jun 09,2024
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ…
Jun 09,2024
၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကမာရွတ်မြို့နယ်တွင် (၃၁) ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲ တတိယနေ့ဆက်လက်ဖြေဆို
Jun 09,2024
မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး၏ အရင်းမူလဖြစ်သည့် ပရိယတ္တိသာသနာတော် ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင် ကမာရွတ်မြို့နယ်အမှတ် (၂) ရပ်ကွက်ရှိ မြကန်သာဓမ္မာရုံ၌ ယနေ့မွန်းတည့်(၁၂)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ ဩဝါဒစရိယဆရာတော်ကြီးများ၊ အထူးကြီးကြပ်ရေးဆရာတော်များနှင့် ကြီးကြပ်ရေးဆရာတော်များ၏ စီစဉ်ကြီးကြပ်မှုဖြင့် ၂၀၂၄ - ခုနှစ် (၃၁)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲ တတိယနေ့ကို ဆက်လက်ကျင်းပပြုလုပ်လျက်ရှိပြီး စာဖြေသံဃာတော်များအား ကမာရွတ်မြို့နယ်အတွင်းရှိ စေတနာရှင်၊ အလှူရှင်များမှ လှူဒါန်းသော နေ့ဆွမ်း၊အားဖြည့်အချိုရည်နှင့် ရေသန့်ဘူးများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား စာရေးကိရိယာနှင့် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်
Jun 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား စာရေးကိရိယာနှင့် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေဝါလတ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မြို့နယ်ကြက်ခြေနီအသင်း၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 09,2024
ပြင်ဦးလွင်မြို့အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကျေးရွာများတွင် ရှေးဦးသူနာပြုစုနည်းသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေး၊ အခြေခံရှေးဦးသူနာပြုစုနည်းများကို လူတိုင်း လက်လှမ်းတမီရှိစေနိုင်ရေး၊ အသိပညာပေးဟောပြောပွဲများကို ကျင်းပနိုင်ရေး ရည်ရွယ်၍ ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ်ကြက်ခြေနီအသင်း၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့အဝင် ပန်းခြံရှေ့၌ World Bicycle Day အထိမ်းအမှတ် အပျော်တမ်းစက်ဘီးစီးပြိုင်ပွဲ ကျင်းပ
Jun 09,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးကင်းစင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လေထုညစ်ညမ်းမှုလျှော့ချကာကွယ်စေရေး ရည်ရွယ်ချက်ဖြင့် World Bicycle Day အထိမ်းအမှတ် အပျော်တမ်းစက်ဘီးစီးပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က လှိုင်းဘွဲမြို့အဝင်ပန်းခြံရှေ့၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအပျော်စီးစက်ဘီးစီးပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အား/ကာဦးစီးမှူး ဒေါ်မိနန္ဒာမွန်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5852
Page
5853
Page
5854
Page
5855
Current page
5856
Page
5857
Page
5858
Page
5859
Page
5860
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department