အမြို့မြို့အနယ်နယ်သတင်းများ

Jun 08,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ အစိုးရနိကာယ်စာမေးပွဲ (ဝိဒူတန်း) (ပထမနေ့)ဖြေဆိုခြင်းကို တရုတ်စုရပ်ကွက်၊ တိုက်ကျောင်း(ပရိယတ္တိ)စာသင်တိုက် ကျောင်းဝန်းအတွင်းရှိ ‌ရွှေကံကူဓမ္မာရုံနှင့် သဇင်ညွှန့်ဓမ္မာရုံတို့တွင် ယမန်နေ့မွန်းတည့်(၁၂)နာရီမှ စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။
Jun 08,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (စကု)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၁၇၀ ဦး  အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Jun 08,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်ကာ ယနေ့နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ် အိုးထိန်းတောင်ဘုန်း‌ကြီး‌ကျောင်းဝန်း မြေကွက်လပ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပသည်။
Jun 08,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် စိမ်းလန်းစိုပြေစေရေး၊ ကျောင်းဥပတိရုပ် ပိုမိုကောင်းမွန်လာစေရန်အတွက် အခြေခံပညာကျောင်းများ၊ အဆင့်မြင့်ပညာကျောင်းများ၌ ကျောင်းအတွင်း/အပြင် သန့်ရှင်းသာယာ လှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိရာ ဇွန်လ ၈ ရက်‌နေ့နံနက် (၇)နာရီအချိန်က စွန်ရဲ‌‌ကျေးရွာအုပ်စု စွန်ရဲ(မြောက်)ကျေးရွာရှိ အ.ထ.က (စွန်ရဲ)ကျောင်း၌ ကျောက်ဆည်ခရိုင် တပ်နယ်မှူး ဗိုလ်မှူးချုပ်သိန်းထွေး ဦးဆောင်သည့် တပ်ရင်းတပ်ဖွဲ့များမှ အရာရှိစစ်သည် ရဲမေများ၊ စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး‌ဗိုလ်‌အောင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၀င်များ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ ပြည်သူ/သားများ ပူးပေါင်း၍ စုပေါင်းသန့် ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Jun 08,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က အမရပူရမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်းရုံးရေးကော်မတီနှင့် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ အမရပူရမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုဝင်ကလေးများ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့သည်။
Jun 08,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၆ ရွာတွင် ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ်အတွင်း၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စီမံကိန်းကဏ္ဍများအလိုက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Jun 08,2024
ပြည်ခရိုင်သစ်တောဦးစီးဌာနမှကြီးမှူး၍ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီက ပြည်မြို့ ခေတ္တရာမွေးမြူရေးဇုန်အနီး တုံးရေသစ်တောကြိုးဝိုင်း အကွက်အမှတ်(၁၆)၌ကျင်းပရာ ရှေးဦးစွာဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စိုးဦးဟန်နှင့်ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်တို့က တာဝန်ရှိသူများထံ ပျိုးပင်များ စိုက်ပျိုးရန်ပေးအပ်သည်။
Jun 08,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ နွေနှမ်းများ စိုက်ပျိုးရာတွင် ကြဲပတ်စနစ်၊ တန်းဆွဲစနစ်၊ ဘောင်ကြီးတင်စနစ်များနှင့် နေရာဒေသအလိုက် စိုက်ပျိုးထားရှိရာ မြောင်းဦးကျေးရွာ တောင်သူ ဦးခင်မောင်အေး၏ ကျဲပတ်စနစ်ဖြင့် စိုက်ပျိုးထားသော ဆင်းရတနာ-၄ နွေးနှမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။