အမြို့မြို့အနယ်နယ်သတင်းများ

Jun 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကြာဖြူကျေးရွာတွင် ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က နှံကောက်စပါးမျိုးအား စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
Jun 10,2024
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော လူငယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဖျောက်မြို့ အမှတ်(၃)ရပ်ကွက် ရွှေဉဒေါင်းခန်းမ၌ကျင်းပကြောင်း သိရသည်။
Jun 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အိုင်ဝိုင်းကျေးရွာအုပ်စု၊ အိုင်ဝိုင်းကျေးရွာရှိ AM ဖူဆယ်ဘောလုံးအားကစားကွင်းတွင် ယမန်နေ့ ညနေ (၄) နာရီက မအူပင်မြို့နယ်ကိုယ်စားပြု ဝန်ကြီးချုပ်ဖလား U-25 ဖူဆယ်ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား လူမှုရေးရာဝန်ကြီးမှ တွေ့ဆုံအားပေးခဲ့သည်။
Jun 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ လူမှုရေးရာဝန်ကြီးမှ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် တွေ့ဆုံပွဲကို ဇွန်လ ၈ ရက်နေ့ ညနေ ၄ နာရီက အမှတ်(၆)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 10,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ပရိယတ္တိသာသနာတော်ထွန်းကားပြန့်ပွားစေရန်၊ ပညာထူးချွန်ထက်မြက်သော ရဟန်း၊ ရှင်သာမဏေများ တိုးများလာစေရန်၊ အင်္ဂလိပ်ဘာသာ စာပေထူးချွန်စွာ တတ်‌မြောက်လာ‌စေရန် ရည်ရွယ်၍ ရာသက်ပန်ပညာ ပါရမီအလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီက အမှတ် (၄) ရပ်ကွက်ရှိ မဇ္ဈိမာရာမပရိယတ္တိစာသင်တိုက် ( ကျောင်းကန်ဘုန်းတော်ကြီးကျောင်း)၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 10,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူးနှင့်အဖွဲ့သည် လက်ပံဂွကျေးရွာအုပ်စု၊ စက်ဆန်းကျေးရွာသို့သွား ရောက်၍ တိုင်းရင်းဆေးလက်ကမ်းစာစောင်များ ဝေငှကာ ဆေးဝါးများဝယ်ယူသုံးစွဲရာတွင် သိသင့်သော အချက်များအကြောင်း အသိပညာပေးဟောပြောခြင်း၊ ကွင်းဆင်းဆေးကုသပေးခြင်းကို ဇွန်လ (၈) ရက်နေ့ နံနက် (၁၀) နာရီအချိန်က စက်ဆန်းကျေးရွာ၊ ပညာစံအိမ်ကျေးလက် စာကြည့်တိုက်ခန်းမ၌ ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။
Jun 10,2024
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း အသင်းအနေဖြင့် အသင်း၏ (ဗဟို) ဥက္ကဋ္ဌဦးခင်းမောင်သန်း၏ ဦးဆောင်မှုဖြင့် ပြည်တွင်းသာမက အာဆီယံနိုင်ငံများအထိ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းများ ကျယ်ပြန့်စွာဆောင်ရွက်နိုင်အောင် အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံက်ပိုင်တွင် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) နှင့် Korea Real Estate Service Development Association တို့သဘောတူ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။