Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကလေးမြို့၊ စကားလှဘုန်းတော်ကြီးကျောင်းတွင် (၃၁) ကြိမ်မြောက် နိကာယ်စာမေးပွဲများဖြေဆို
Jun 10,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ၂၀၂၄ ခုနှစ် (၃၁) ကြိမ်မြောက် နိကာယ်စာမေးပွဲများကို စကားလှဘုန်းတော်ကြီးကျောင်း၊ မြို့မဓမ္မာရုံတွင် ယမန်နေ့ မွန်းတည့် (၁၂) နာရီအချိန်က ဘာသာရပ်အလိုက် အုပ်စုများခွဲ၍ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့(နာရေးကူညီမှုအသင်း)သို့ နာရေးပန်းကား (ပန်းကနုတ်ယာဥ်)နှင့် နာရေးသုံးရေခဲသေတ္တာ ပေးအပ်လှူဒါန်း
Jun 10,2024
သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့(နာရေးကူညီမှုအသင်း)သို့ “နာရေးပန်းကား(ပန်းကနုတ်ယာဥ်)နှင့် နာရေးသုံးရေခဲသေတ္တ္တာ(Cool Box)” ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါမြို့နယ် ဇိနမာရ်အောင်စေတီတော်ဝန်းအတွင်းရှိ ဝိမုတ္တိရသဓမ္မဗိမ္မာန်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၄ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်
Jun 10,2024
၂၀၂၄ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ဇွန်လ (၄) ရက် ညနေပိုင်းမှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ မြို့နယ်ဘောလုံးအားကစားကွင်းနှင့် သင်္ဃန်းကျန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားကွင်းတို့၌ နေ့စဉ်ယှဉ်ပြိုင်ကစားလျက်ရှိရာ ယမန်နေ့ နံနက် (၇) နာရီခွဲက ဒဂုံမြို့သစ်ခရိုင် ကိုယ်စားပြုအသင်းနှင့် မရမ်းကုန်းခရိုင် ကိုယ်စားပြုအသင်းတို့ယှဉ်ပြိုင်ရာ ဒဂုံမြို့သစ်ခရိုင် ကိုယ်စားပြုအသင်းက မရမ်းကုန်းခရိုင် ကိုယ်စားပြုအသင်းကို (၁) ဂိုး ဂိုးမရှိ အနိုင်ရရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Jun 10,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့နံနက်ပိုင်းက အမှတ်(၆)ရပ်ကွက်အတွင်း နေထိုင်ကြသော မြန်မာတိုင်းရင်းသားလူမျိုးနွယ်စုများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်မျိုးမျိုးရရှိနိုင်ရေးအတွက် ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်၌ ပန်းခင်းစီမံချက်-၃ ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jun 10,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ် (၁၀) ရပ်ကွက် ဟေမဝန်ဓမ္မာရုံ၌ ပန်းခင်းစီမံချက်-၃ ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ဇွန်လ (၈) ရက်နေ့ နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 10,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ဆွာမင်းလမ်းကျေးရွာအုပ်စု ကျောက်အိုးကျေးရွာ လမ်းဘေး ဝဲ၊ ယာ တွင် ယမန်နေ့နံနက်ပိုင်းက မိုးရာသီသစ်ပင်စိုက်ပျိုးမှုပွဲတော် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jun 10,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် ပိုးလောက်လမ်းပေါက်ပွားမှုမှ ကာကွယ်နိုင်ရန် ဇွန်လ (၈) ရက်နေ့ နံနက်ပိုင်းအချိန်က အမှတ် (၇) ရပ်ကွက်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အဘိတ် (abate) ဆေးခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းများကို သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ အောင်ဇေရန်အောင်ဘိုးဘွားရိပ်သာအား ဖွင့်လှစ်ပေး၊ ကမ်းနားလမ်းတစ်လျှောက် အများပြည်သူ အပန်းဖြေရာနေရာများ သန့်ရှင်းသာယာလှ…
Jun 09,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ဘိုးဘွားရိပ်သာတစ်ခုဖြစ်သည့် အောင်ဇေရန်အောင် ဘိုးဘွားရိပ်သာဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ၄၀ မိနစ်တွင် အောင်ဇေရန်အောင် ဗောဓိတစ်ထောင်ဘုရားဝင်းအတွင်းရှိ အဆိုပါ ဘိုးဘွားရိပ်သာအဆောက်အဦးရှေ့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5851
Page
5852
Page
5853
Page
5854
Current page
5855
Page
5856
Page
5857
Page
5858
Page
5859
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department