အမြို့မြို့အနယ်နယ်သတင်းများ

Jun 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် မြန်မာ နိုင်ငံတက္ကသိုလ်များလက်ရွေးစင် ဘော်လီဘောအသင်းနှင့် မအူပင်ခရိုင် လက်ရွေးစင် ဘော်လီဘောအသင်းတို့၏ ချစ်ကြည်ရေးလက်ရည်စမ်းယှဉ်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ညောင်တုန်းမြို့ မိုးလုံလေလုံ အားကစားခန်းမ၌ ယှဉ်ပြိုင်ကစားခဲ့သည်။
Jun 10,2024
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့ ချောင်းငယ်ရပ်ကွက် မြို့ဦးပရိယတ္တိစာသင်တိုက် သာသနာ့ဟိတဓမ္မာရုံအတွင်း ၁၃၈၆ခုနှစ်၊ နယုန်လဆန်း(၂)ရက်၊ ဇွန်လ ၈ ရက်နေ့ နံနက် ၉ နာရီအချိန်က (တတိယ)အကြိမ်၊ နေ့ညအသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ခန့်ညားထည်ဝါစွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 10,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမအတွင်း ဇွန်လ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က “သက္ကရာဇ် ၂၀၃၀ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ဆင်ခြေထောက်ရောဂါမှကင်းဝေးစေရန်” ရည်ရွယ်၍ ဆင်ခြေထောက်ရောဂါကင်းဝေးစေရေး လူအားလုံးဆေးတိုက်ကျွေးခြင်းလုပ်ငန်းဆိုင်ရာ အသိပေးရှင်းလင်းပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာ မြို့အုပ်ချုပ်ရေးမှူးဦးကျော်သက်ထူး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်မြတ်စုဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိဦးဇင်ဦးချိုနှင့်တပ်ဖွဲ့ဝင်များ၊ ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ပြည်သူ့ကျန်းမာရေးဌာနဆရာမများနှင့် ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
Jun 10,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို အပတ်စဉ်တနင်္လာနေ့ နံနက် (၉) နာရီ အချိန်မှစတင်၍ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရှိ ဆရာမများက ဆောင်ရွက်ပေးလျက်ရှိသည်။
Jun 10,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ သစ်တောဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရာသီဥတုကောင်းမွန်မျှတစေရေး၊ ဒေသအပူချိန်လျှော့ချနိုင်စေရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနမှ စုပေါင်းဇီးပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက် ၈ နာရီအချိန်က နတ်မောက်ကျေးရွာအုပ်စု၊ သီးကုန်းကျေးရွာ ကွင်းအမှတ်(၉၆)ရှိ တောင်သူ ဦးလူရင်၏ ယာမြေ(၂.၅၀)ဧကနှင့် တောင်သူ ဦးနေလင်း၏ ယာမြေ (၂.၅၀) ဧက စုစုပေါင်း ယာမြေ(၅.၀၀)ဧကအကွက်တွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
Jun 10,2024
လားရှိုးတက္ကသိုလ်အားကစားနှင့် ကာယပညာကော်မတီမှ ကြီးမှူးကျင်းပသည့် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက လားရှိုးတက္ကသိုလ် အားကစားရုံတွင် ကျင်းပခဲ့သည်။
Jun 10,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြပွဲ/ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Jun 10,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ကြက်ခြေနီအသင်း(ခွဲ)နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သော ​​ကျောင်းကြက်​​ခြေနီရှေးဦးပြုစုခြင်းအခြေခံအဆင့် သင်တန်းအမှတ်စဥ် (၁/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့က အ​​ခြေခံပညာအထက်တန်းကျောင်း (အင်းမ)ရှိ သီတဂူခန်းမ၌ ကျင်းပ​ပြုလုပ်ခဲ့သည်။