အမြို့မြို့အနယ်နယ်သတင်းများ

Jun 11,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဖြေဆိုခဲ့ကြသော ကျောင်းသား/သူများတွင် (၆)ဘာသာ ဂုဏ်ထူးရှင်(၂)ဦးအပါအဝင် ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့ကြသော ကျောင်းသား/သူ (၁၁၈) ဦးရှိကာ အောင်မြင်သူ စုစုပေါင်း (၆၂၁) ဦးရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၅၃.၈၁) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Jun 11,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ ဝင်ငွေတိုးလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်နိုင်စေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆောင်ရွက်နေမှုကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က တံခွန်တိုင်ကျေးရွာ၌ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
Jun 11,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်အတွက် ပန်းအလှပင်နှင့် အရိပ်ရ သစ်ပင်များစိုက်ပျိုးခြင်းကို ယမန်နေ့ညနေပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အဖွဲ့ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
Jun 11,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်း ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရေး စက်စက်ယိုချောင်း ရေစီးရေလာကောင်းမွန်စေရန် ပြန်လည်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jun 11,2024
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းကထုတ်ပြန် ကြေညာခဲ့ရာ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ စာစစ်ဌာနငါးခုမှ ကျောင်းတွင်းနှင့် ကျောင်းပြင်ပ ဖြေဆိုသူပေါင်း ၈၁၁ ဦးအနက် ၄၇၂ဦးအောင်မြင်ခဲ့သဖြင့် မြို့နယ်ချုပ် အောင်မြင်မှုရာခိုင်နှုန်း ၅၈ ဒဿမ ၂၀ ဖြစ်ကြောင်းနှင့် ဘာသာစုံ ခြောက်ဘာသာဂုဏ်ထူးရှင် တစ်ဦးထွက်ပေါ်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Jun 11,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်သော ကျေးရွာများသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလှူဒါန်းပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က ထနောင်းဝန်းကျေးရွာနှင့် တောင်ဇင်းအုပ်စု၊ ညောင်တိုတဲတိုက်သို့ သောက်သုံးရေ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Jun 11,2024
ပြည်ထောင်စု မြန်မာနိုင်ငံ၏ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်က စာစစ်ဌာန အသီးသီးတွင် ထုတ်ပြန်ကြေညာခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် (၆၄.၄၉) ရာနှုန်း အောင်မြင်ခဲ့ပြီး၊ ဘာသာတွဲ အသီးသီးမှ အမှတ်အများဆုံး ရရှိသူ (၁၀) ဦး စာရင်းတွင် ကျုံပျော်မြို့နယ်မှ (၂) ဦးပါဝင် ရရှိခဲ့ကြောင်း သိရသည်။
Jun 11,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆပ်ပြာကျင်းကျေးရွာအုပ်စု သဖန်းပင်ရိုးကျေးရွာရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဒသမအကြိမ်မြောက် ထုတ်ချေးခြင်းကို ယမန်နေ့က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။