Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကချင်ပြည်နယ်ဝန်ကြီးချုပ် (၃)နှစ်ဆက်တိုက် စံချိန်တင်တံခွန်စိုက်ဆုများ ရရှိခဲ့ကြသော ပြည်နယ်လက်ရွေးစင်အောင်ပွဲရ ဂျူဒိုအသင်းအား စည်ကားသိုက်မြိုက်စွာ ကြိုဆိုဂုဏ်ပြ…
Jun 11,2024
၂၀၂၄ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုပြိုင်ပွဲတွင် ကချင်ပြည်နယ်အနေဖြင့် အမျိုးသား၊ အမျိုးသမီးတို့က ပါဝင်ယှဉ်ပြိုင်ကြပြီး ရွှေတံဆိပ် (၈)ခု၊ ငွေတံဆိပ် (၁)ခုနှင့် ကြေးတံဆိပ် (၅)ခုတို့ဖြင့် အမျိုးသမီးတံခွန်စိုက်၊ စုပေါင်းတံခွန်စိုက်ဆုများနှင့် အကောင်းဆုံးအမျိုးသမီးကစားသမားဆုများရရှိခဲ့သည့် ပြည်နယ်လက်ရွေးစင်ဂျူဒိုအသင်းသည် ယမန်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်က မြစ်ကြီးနားမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာခဲ့ကြရာ သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ကြေညာ
Jun 11,2024
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ရှိစာစစ်ဌာနများနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ဇွန်လ ၁၁ ရက်နေ့ နံနက် (၆) နာရီက ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆို ခဲ့သောကျောင်းသားကျောင်းသူ ၃၇၀ ဦးတွင် ၂၅၉ ဦး အောင်မြင်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jun 11,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက ငမိုးရိပ်ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် တာဝန်ရှိသူများပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အမ်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ (၅) ဘာသာဂုဏ်ထူးရှင် (၁) ဦး အပါဝင် ဂုဏ်ထူးရှင် ကျောင်းသားကျောင်းသူ (၅၄) ဦးဖြေဆိုအောင်မြင်သူ (၃၆၈) ဦးရှိ
Jun 11,2024
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် (၂၀၂၃-၂၀၂၄) ပညာ သင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဖြေဆိုကြသော ကျောင်းသား/သူများတွင် (၅) ဘာသာဂုဏ်ထူးရှင် (၁) ဦးအပါအဝင် ဂုဏ်ထူးများဖြင့် အောင်မြင်ကြသော ကျောင်းသား/သူ (၅၄) ဦးရှိကာ အောင်မြင်သူ စုစုပေါင်း (၃၆၈) ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၅၅.၅၁) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
လဲချားတွင် ဌာနဆိုင်ရာရုံးများသို့စာ အုပ်၊စာစောင်များ ကွင်းဆင်းငှားရမ်းပေး
Jun 11,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ပြည်သူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက်ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီ အချိန်က ဌာနဆိုင်ရာရုံးများအရောက် စာအုပ်၊ စာစောင်များနယ်လှည့်ကွင်းဆင်းငှားရမ်း ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဗဟန်းမြို့နယ်၌ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့်ပတ်သက်၍ အခွန်ပညာပေးဆွေးနွေးပွဲ ကျင်းပ
Jun 11,2024
ဗဟန်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့်ပတ်သက်၍ အခွန်ပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
နတ်တလင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ
Jun 11,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူ ၂၉၄ ဦးတွင် ၁၆၈ဦး အောင်မြင်ခဲ့ပြီး ၅၇.၁၄ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း ဆောင်ရွက်
Jun 11,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးချောင်းကျေးရွာအုပ်စု၊ သော်တာကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကျန်းမာရေးဆရာ၊ ဆရာမများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5838
Page
5839
Page
5840
Page
5841
Current page
5842
Page
5843
Page
5844
Page
5845
Page
5846
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department