အမြို့မြို့အနယ်နယ်သတင်းများ

Jun 11,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို ကျိုင်းတုံမြို့ရှိ သက်ဆိုင်ရာစာစစ်ဌာနများနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။
Jun 11,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဉီးစီးဌာနမှ ပန်းခင်းစီမံချက်(၃)ဖြင့် ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီမှစ၍ ဝမ်ထီကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
Jun 11,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူစာရင်းများကို စာစစ်ဌာန (၃) ခုဖြစ်သည့် ဖြူးမြို့နယ်၌ အ.ထ.က (၁) ဖြူးစာစစ်ဌာန၊ အ.ထ.က (၂) ဖြူးစာစစ်ဌာန၊ အ.ထ.က (၂) ဇေယျဝတီစာစစ်ဌာနတို့တွင် ယနေ့နံနက် (၆) နာရီအချိန်မှစတင်၍ ထုတ်ပြန်ခဲ့ရာ ဖြေဆိုအောင်မြင်မှု ရာခိုင်နှုန်း (၅၁.၂၅) ရာခိုင်နှုန်းရှိကြောင်း သိရသည်။
Jun 11,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် ကြက်ဥ၊ နွားနို့များနှင့် စားသောက်ကုန်ပစ္စ္စည်းများ ဖြန့်ဖြူးရောင်းချပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးရှေ့တွင် ရောင်းချပေးလျက်ရှိသည်။
Jun 11,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ မိုးရာသီစိုက်ပျိုးထုတ်လုပ်လုပ်မှု အဆင်ပြေစေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၂) အုပ်စုမှ ဘဏ်အဖွဲ့ဝင်တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီက ပုညိုကျေးရွာအုပ်စုမှ တောင်သူ (၁၃၂) ဦးတို့၏ မိုးစပါးစိုက်ဧက (၂၇၃) ဧကအတွက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ပေးလျက်ရှိသည်။
Jun 11,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် (၁) နာရီက ပုံပြင်ပြောပြိုင်ပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
Jun 11,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များသို့ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 11,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အမှတ် (၃) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ် (၃) အခြေခံပညာအထက် တန်းကျောင်းရှိ စန္ဒကူးခန်းမတွင် ကျင်းပပြုလုပ်သည်။