အမြို့မြို့အနယ်နယ်သတင်းများ

Jun 11,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြို့နယ်သန်းခေါင်စားရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကြီးကြပ်၍ အများပြည်သူများ အသွားအလာများရာ နေရာများနှင့် မြို့မစျေးအတွင်း/အပြင်တို့၌ ယနေ့နံနက် (၈) နာရီအချိန်က ၂၀၂၄ ခုနှစ် အောက်တိုဘာ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် "ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ယူစို့" ဆောင်ပုဒ်ပါ အသိပညာပေး လက်ကမ်းစာစောင်အား ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ ၂၀၂၄ ခုနှစ် အောက်တိုဘာ(၁) ရက်မှ (၁၅)ရက်နေ့အထိ သန်းခေါင်စာရင်း ကောက်ယူပါမည်။
Jun 11,2024
ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ပြည်စံအောင်ရပ်ကွက်အတွင်းရှိ နေအိမ်များသို့သွားရောက်ပြီး ခြင်ကိုက်ခံရမှုကြောင့်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် စနစ်ဖြင့် ပိုးလောက်လန်းသေ(အဘိတ်)ဆေးခတ်ခြင်းများအား ယနေ့နံနက်ပိုင်းက  ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Jun 11,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) လမှ တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဘုရားကြီးရပ်ကွက်ရှိ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 11,2024
လားရှိုးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကဦးဆောင်၍ လားရှိုးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Jun 11,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉) နာရီက အခြေခံပညာအထက်တန်းကျောင်း၊ နဝဒေးခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Jun 11,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာန (၇)ခု တို့တွင် ယနေ့ နံနက်(၆)နာရီအချိန်က ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၂၅)ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
Jun 11,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူး လေ့လာရေးလာရောက်လည်ပတ်ရင်း ခရီးစဉ်ဒေသများ တဆက်တစပ်တည်း သွားရောက်လည်ပတ်နိုင်ရန် ညောင်ဦးမြို့နယ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာ န(ပုဂံရုံးခွဲ)က ခရီးစဉ်ခုနှစ်ခုရေးဆွဲပြီး ခရီးသွားပြည်သူများ စိတ်ဝင်စားစွာသွားရောက် လည်ပတ်နိုင်ရန် ဖော်ဆောင်ထားရှိကြောင်း သိရသည်။
Jun 11,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်တွင် ဖွင့်လှစ်လျက်ရှိသည့် ကျေးရွာ များရှိ အခြေခံပညာကျောင်းများသို့ မြို့နယ်ပညာရေးမှူးနှင့် စေတနာရှင် အလှူရှင်များက သွားရောက် ကာ လိုအပ်သည်များကို ယမန်နေ့က သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။