Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သရက်ချောင်းမြို့၊ (အ.ထ.က) သရက်ချောင်းကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jun 11,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က သရက်ချောင်းမြို့၊ (အ.ထ.က) သရက်ချောင်းကျောင်း (ပညာရတနာခန်းမ) ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက…
Jun 11,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီအချိန်တွင် အမှတ် (၂) ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ဆင်းသုခမျိုးစပါးများ တောင်သူများထံသို့လက်ဝယ်အရောက်ပေးအပ်
Jun 11,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ဆင်းသုခမျိုးစပါးများကို ယနေ့နံနက်ပိုင်းက တောင်သူများ ထံသို့ လက်ဝယ်အရောက်ကွင်းဆင်း ထောက်ပံ့ပေးအပ်ခံကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယန်းမြို့ အခြေခံပညာအလယ်တန်းကျောင်း၌ နယ်လှည့်ဝန်ဆောင်မှု အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Jun 11,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် စာဖတ်သည့် အလေ့အထအကောင်းများ ရရှိစေရန်ရည်ရွယ်၍ နယ်လည့်ဝန်ဆောင်မှု အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ဇွန် ၁၁ ရက်နံနက် ၁၀ နာရီက ဈေးတန်းရပ်ကွက်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ ဒေသခံပြည်သူများ သိရှိနားလည်နိုင်စေရန် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 11,2024
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိကောင်းစရာများပါဝင်သော သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီ အချိန်က မြို့အဝင်ဂိတ်နှင့် လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
Jun 11,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ ကျောင်းသူ၊ ကျောင်းသားများ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်စေရန်၊ စာဖတ်ခြင်းအလေ့အကျင်းကောင်းများရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သံတောင်ကြီးမြို့အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းပြီး စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ လူငယ်နဲ့အခွင့်အလမ်းစာအုပ်ကို ယနေ့နံနက်(၉)နာရီအချိန်က အ.ထ.ကစာကြည့်တိုက်ခန်းမတွင် စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ်တွင် မြေပြိုဘေးအန္တရာယ်အကြောင်းသိကောင်းစရာ ပညာပေးပိုစတာစိုက်ထူ
Jun 11,2024
သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ မိုးရာသီတွင် မိုးသည်းထန်စွာရွာသွန်းလျှင် မြေပြိုမှုများ မကြာခဏဖြစ်သည့်အတွက် မြေပြိုဘေးအန္တရယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဇင်လတ်နှင့်ဝန်ထမ်းများက ယနေ့နံနက် (၉) နာရီအချိန်က သံတောင်ကြီးမြို့၊ အမှတ် (၄) ကွက်လမ်းဆုံ၌ မြေပြိုဘေးအကြောင်းသိကောင်းစရာ ပညာပေးပိုစတာစိုက်ထူခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရဲတပ်ဖွဲ့ဝင် သား/သမီးများအတွက် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်
Jun 11,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မြို့နယ်ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၏ ပညာသင်ကြားမည့် သား/သမီး၊ ကျောင်းသား/သူများအတွက် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲကို မြို့နယ်ရဲစခန်း ခန်းမ၌ ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲ အချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5833
Page
5834
Page
5835
Page
5836
Current page
5837
Page
5838
Page
5839
Page
5840
Page
5841
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department