မိုင်းပျဉ်းမြို့ အ.ထ.ကကျောင်း၌ ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ အခမ်းအနားကျင်းပ

မိုင်းပျဉ်း ဇွန် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉) နာရီက အခြေခံပညာအထက်တန်းကျောင်း၊ နဝဒေးခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက်မြို့နယ်ဉပဒေအရာရှိ ဦးနေလင်းထွန်းက ကလေးအလုပ်သမားဆိုင်ရာ ဉပဒေများအကြောင်းကိုလည်းကောင်း၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ကျော်က ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းသန္တာဦးက ကလေးအလုပ်သမားများအကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြကြောင်း သိရှိရသည်။         

အဆိုပါကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ အ.ထ.ကမှ ဆရာမများနှင့် G-10 ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား(၁၂၀)ခန့် တက်ရောက် ခဲ့ကြပြီး၊ ဟောပြောပွဲအခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိသော အသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်သူများအားလုံး စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်/ဆက်)