လားရှိုးမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်

လားရှိုး ဇွန် ၁၁

လားရှိုးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကဦးဆောင်၍ လားရှိုးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က(ခွဲ)၊ အ.လ.က(ခွဲ)(၅)ကျောင်းများသို့  သွားရောက်ကာ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ကျန်းမာရေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ နံရံကပ်ပိုစတာများကပ်ပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား Dry Day Activity သင်ကြားပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အလားတူ အ.ထ.က(၉)၊ အ.ထ.က(ခွဲ)၊ အ.လ.က(၉) ၊ အ.လ.က(ခွဲ) အ.မ.က(၄)ကျောင်းများသို့လည်း ကျောင်းကျန်းမာရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)