ပင်လောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းထုတ်ပြန်

ပင်လောင်း ဇွန် ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာန (၇)ခု တို့တွင် ယနေ့ နံနက်(၆)နာရီအချိန်က ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၂၅)ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်တွင် အ.ထ.က (၁)၊ အ.ထ.က (၂)၊ အ.ထ.က (နောင်တရား)၊ အ.ထ.က (တီကျစ်)၊ အ.ထ.က(ပင်ခွန်)၊ အ.ထ.က(တင်းထက်)၊ အ.ထ.က(တလိုင်းမရွာသစ်) စာစစ်ဌာန (၇)ခု၌ ကျောင်းတွင်းနှင့် ပြင်ပဖြေဆိုသူ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၀၁၇) ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ(၉၉၆)ဦးအနက် အောင်မြင်သူ(၅၂၅)ဦးဖြစ်သဖြင့် အောင်မြင်မှု ရာခိုင်နှုန်း မှာ ၅၂.၇၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အောင်မြင်သည့် ကျောင်းသူ၊ ကျောင်းသားများ၏ ဂုဏ်ထူးရရှိမှုအခြေအနေမှာ (၆) ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ (၄) ဘာသာဂုဏ်ထူးရှင်(၄)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၆)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင်(၁၀)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၃၉)ဦး၊ စုစုပေါင်း (၆၁) ဖြစ်ပြီး ရိုးရိုးအောင်မြင်သူ (၄၆၄)ဦးရှိကြောင်းနှင့် ဂုဏ်ထူးထွက်ရှိသည့် ဘာသာရပ်များမှာ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝ၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ ဘာသာရပ်တို့ဖြစ်ကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)