အမြို့မြို့အနယ်နယ်သတင်းများ

Jun 11,2024
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ငလိုက်စခန်းသာဆင်စခန်းတွင် မြန်မာ့သစ်လုပ်ငန်း၊ နေပြည်တော် သစ်ထုတ်ရေးဒေသမှပြုလုပ်သည့် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
Jun 11,2024
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့ နယ်၊ သစ်တောဦးစီးဌာန၏ အစီအစဉ်ဖြင့် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးစေရေး မိုးခေါင်ရေရှားမှုနှင့် အပူဒဏ်ကာကွယ်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ပြည်သူများသစ်တောသစ်ပင်များ၏ တန်ဖိုးကိုနားလည်ပြီး သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပိုမိုပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ “၂၀၂၄ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ”ကို ယနေ့ နံနက် ၈ နာရီအချိန်က ညောင်သုံးပင်ကျောင်းတိုက်၊ မြို့မရပ်ကွက်၊ ညောင်သုံးပင်ရပ်တွင် ကျင်းပခဲ့သည်။
Jun 11,2024
မိုးတွင်းကာလတွင် ဖြစ်ပွားလေ့ရှိသော ရေဘေးနှင့်မြေပြိုဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပြုမူနေထိုင် လုပ်ကိုင်ဆောင်ရွက်သင့်သည့် အချက်များကို ပြည်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ နေပြည်သူများအား အသိပညာပေး လိုက်လံနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက ပြည်ခရိုင် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
Jun 11,2024
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက အ.ထ.က (၁) ၊ အ.ထ.က (ကမာဝက်)နှင့် မြို့နယ်ပညာရေးမှူးရုံးတို့၌ ထုတ်ပြန်ကြေငြာသည်။
Jun 11,2024
ဝါသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဝါကောက်ယူရာတွင် Grade ခွဲခြားကောက်ယူရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဝါစိုက်ပျိုးသည့် တောင်သူများ၊ လုပ်ငန်းရှင်များ၊ မိတ်ဖက်ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို၊ ယနေ့နံနက်(၁၀)နာရီက မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့၊ စံပြရပ်ကွက်ရှိ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 11,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနရှိ ကျန်းမာရေးဝန်ထမ်းများက ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Pfizer) ထပ်ဆောင်း ထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးခဲ့သည်။
Jun 11,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေ‌ရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်‌စေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က(ပေါက်ခေါင်း)ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Jun 11,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံ​ငွေမှ ပံ့ပိုးချေးငွေဖြင့် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများအား သွင်းအားစုများ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက သနပ်ပြင်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်သည်။