မြို့သစ် ဇွန် ၁၇
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မွန်းလတ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်းကို မြို့သစ်မြို့၊ မင်းရပ်ကွက်၊ သုခသမ္ပဒါလေသာကျောင်းတိုက်တွင် ယမန်နေ့နံနက်(၁၁)နာရီက ဆောင်ရွက်ကာ ပညာသင်ထောက်ပံ့ငွေများပေးအပ်ခြင်းကို မြို့သစ်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးခန်းမ၌ ယမန်နေ့နေ့လည် ၁၂ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့သစ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ သံဃာတော်များအား မွန်လတ်ဆွမ်းကပ်လှူသည်။
ထို့နောက် ထေရဝါဒဗုဒ္ဓသာသနာပြု လေသာကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ တရားတော်ကိုနာယူဆောက်တည်ခဲ့ကြပြီး လှူဖွယ်ဝတ္ထုနှင့် လှူဒါန်းဖွယ်ရာဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေ ဆုတောင်းခဲ့ကြသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးခန်းမ၌ ဝန်ထမ်းသားသမီး ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်ဆက်)