Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကန့်ဘလူမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ် စာစောင်ပြပွဲကျင်းပ
Jun 21,2024
၂၀၂၄ ခုနှစ်၊ ဇွန် ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့်စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲတို့ကို ယနေ့နံနက် (၁၀) နာရီက ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာန၏ စီစဥ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျှော့ချနိုင်စေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက အမှတ်(၇)ရပ်ကွက်ရှိ မဟာဝိသုတာရာမတိုက်သစ် (ပါဠိတက္ကသိုလ်)ကျောင်းဝန်းအတွင်း၌ စုပေါင်းစိုက်ပျိုးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများဆက်လက် ဆောင်ရွက်လျက်ရှိ
Jun 21,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ၏လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်လာစေရန်၊ မြန်မာနိုင်ငံအတွင်းနေထိုင်သူများကို စိစစ်နိုင်သည့်တစ်ခုတည်းသော နံပါတ် Unique ID ထုတ်ပေးရန်နှင့် Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့်ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့်အခြေခံစနစ် တည်ဆောက်ရန်ရည်ရွယ်၍ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ၂၀၂၃ ခုနှစ်၊ ဇွန်(၂၆)ရက်နေ့မှ စတင်ကာ ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ နံနက်(၉)နာရီက အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်နှင့် မြို့သစ်(ဂ)ရပ်ကွက်တို့ရှိ သတ်မှတ်နေရာများတွင် ဆက်လက်ဆောင်ရွက် ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ(အခမဲ့) ဆောင်ရွက်ပေး
Jun 21,2024
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ယနေ့နံနက်(၉)နာရီ အချိန်ကစ၍ မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှေုာက်မှုများ(အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့နယ်၌ အငြိမ်စားဝန်ထမ်းများအား ဇွန်လအတွက် ပင်စင်လစာငွေများ စတင်ထုတ်ပေးလျက်ရှိ
Jun 21,2024
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ဇွန်လအတွက် အငြိမ်းစား ပင်စင်လစာငွေများကို (၂၁-၆-၂၀၂၄) ရက် နံနက် (၀၅;၁၅ )နာရီအချိန်က စတင်ကာ အငြိမ်းစား ပင်စင်စား နိုင်ငံ့ဝန်ထမ်းများကို စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး (Mobile Library) စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်
Jun 21,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး (Mobile Library) စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အ.ထ.က ကျိန္တလီကျောင်းမှ ဆရာ/ဆရာမများအား အခမဲ့ငှားရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့ (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jun 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ (၃)နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ဟိန်းမြို့၌ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jun 21,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ ရပ်မိရပ်ဖများမှ ဦးဆောင်၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ လှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်ရှိ၊ ဟိတကာရီခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5691
Page
5692
Page
5693
Page
5694
Current page
5695
Page
5696
Page
5697
Page
5698
Page
5699
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department