Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနွေရာသီတွင် ရေရှားပါးမှု၊ မြစ်ရေတိမ်ကော၍ သွားလာရေးခက်ခဲမှုများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၃/၂ဝ၂၄)သို့ တက်ရော…
Jun 21,2024
မွန်ပြည်နယ်တွင် နွေရာသီ၌ရေရှားပါးမှု၊ မြစ်ရေတိမ်ကော၍ သွားလာရေးခက်ခဲမှုများ၊ စိုက်ပျိုးရေနှင့် သုံးရေများ မြစ်ရေတင်အသုံးပြုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နွေရာသီတွင် ဖြစ်ပေါ်လာသည့် ရေရှားပါးမှု၊ မြစ်ရေတိမ်ကော၍ သွားလာရေးခက်ခဲမှုများ၊ စိုက်ပျိုးရေးနှင့် သုံးရေများ မြစ်ရေတင်အသုံးပြု နိုင်ရေးအတွက် စီမံဆောင်ရွက်မှုများ၊ ဖြေရှင်းရန်နည်းလမ်းများနှင့် အကြံပြုချက်များနှင့်အတူ အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီမှ တင်ပြလာမှုအပေါ် ယခုမိုးတွင်းမှစ၍ ဖိဖိစီးစီးဆောင်ရွက်ရန် ညွှန်ကြားမှုပြုခဲ့သဖြင့် ယနေ့အစည်းအဝေး ပြုလုပ်ရခြင်းဖြစ်ကြောင်း၊
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့တွင် FDA လျောက်ထားချက်များနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ
Jun 21,2024
စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ကြီးမှူး၍ စစ်ကိုင်းမြို့ရှိ စားသောက်ကုန်ထုတ်လုပ်မှု စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ FDA လျောက်ထားချက်များနှင့် ပတ်သက်ပြီး အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီက စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မြင်းခြံမြို့၌ အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစာရင်းများ ရေးသွင်းတိုက်ဆိုင်စစ်ဆေး ဆောင်ရွက်လျက်ရှိ
Jun 21,2024
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ မြို့နယ်အတွင်း နေထိုင်သူများ အတည်ပြု လူဦးရေစာရင်း မှန်ကန်စေရေး အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစာရင်းများ ရေးသွင်းခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စိုက်ပျိုးပြီးသစ်ပင်များကို တစ်ဦးချင်းစီက အသိစိတ်ဓာတ်ရှိစွာဖြင့် တန်ဖိုးထားထိန်းသိမ်းပြုစုစောင့်ရှောက်ဖို့လို
Jun 21,2024
ယခုနှစ် မိုးရာသီတွင် ကရင်ပြည်နယ်အတွင်း သစ်မျိုး(၁၇)မျိုးဖြင့် အပင်ပေါင်း နှစ်သိန်းခုနှစ်သောင်းကျော်ကို စိုက်ပျိုးသွားမည်ဖြစ်ရာ ယခုအခါ အပင်ပေါင်း ၂၈၆၇ ပင်ကို စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ဇွန်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေးရှိ ဘားအံဂေါက်ကွင်း၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ မိုးရာသီ (ဒုတိယအကြိမ်) သစ်ပင်စိုက်ပွဲမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ရှေးဦးအရွယ်ကလေးသူယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာတိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့…
Jun 21,2024
တနင်္သာရီတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင် ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာတိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်မှုပြုလုပ်ပေး
Jun 21,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၏ စီစဥ်မှုဖြင့် ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဂန့်ဂေါမြို့ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပပြုလုပ်
Jun 21,2024
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၌ ကျောင်းသား/ကျောင်းသူ လူငယ်မောင်မယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများ ပြည့်ဝစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်း(မြို့မ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာဦးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမြင့်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းမှ သင်ကြားပို့ချသည့် စာများအပြင် အသိပညာဗဟုသုတများ ရရှိစေရန်စေမည့် သုတ/ ရသစာအုပ်စာပေများကိုပါ ဖတ်ရှုလေ့လာရန်လိုအပ်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူ
Jun 21,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biometric Data) စာရင်းကောက်ယူခြင်းနှင့် ဇီဝဆိုင်ရာ အချက်အလက် (Unique ID) ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး၌ ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5690
Page
5691
Page
5692
Page
5693
Current page
5694
Page
5695
Page
5696
Page
5697
Page
5698
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department