နောင်ချို ဇွန် ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းစာကြည့်တိုက်လှုပ်ရှားမှုအဖြစ် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် (၉) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသင်းက အဖွင့်အမှာစကား ပြောကြားရာ ကျောင်းစာကြည့်တိုက် သက်ဝင်လှုပ်ရှားမှုရှိစေရန်၊ စာဖတ်စွမ်းရည် မြင့်မားလာစေရန်နှင့် နှုတ်မှုစွမ်းရည် တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ ပြိုင်ပွဲ၌ အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများက “လူငယ်နှင့်ဝါသနာ၊ စာဖတ်ခြင်း၊ သူ့အကျိုးဆောင်ကိုယ့်အကျိုးအောင်၊ အချိန်၏တန်ဖိုး၊ သတ္တိရှိပါ၊ မပုကြွယ်နှင့် ခရုငယ်”စသည့် ခေါင်းစဥ်များဖြင့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲများကို အထက-၁ နှင့် အထက-၂ များ၌လည်း ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း ပညာရေးဌာနမှ သိရသည်။
ထွေးငယ်(ပြန်/ဆက်)