ကျေးသီး ဇွန် ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ပန်းချီပြိုင်ပွဲအား ယမန့်နေ့ နေ့လည် (၂) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်မှ အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်လေးဝင်းမှ ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ၎င်းနောက် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများမှ ပန်းချီများ ရေးဆွဲခဲ့ကြပြီး ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့မှ အသီးသီး ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး ပြိုင်ပွဲဝင် ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ အလှူရှင်တို့မှ ပူးပေါင်းကာ နို့ဗူး၊ အချိုရည်နှင့် မုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)