သာစည် ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ် သစ်တောဦးစီးဌာနက ၂၀၂၄ ခုနှစ် မိုရာသီသစ်ပင် စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၈ နာရီက သာစည်မြို့လေဘာတီဂေါက်ကွင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက မြို့နယ်ဌာနဆိုင်ရာများကိုယ်စား မြို့နယ် မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းအားလည်းကောင်း၊ ခရိုင်သစ်တောဦးစီးဌာနမှခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲလွင်က မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင် တစ်ဦးအားလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်တစ်ဦးအားလည်းကောင်း ပျိုးပင်များ ပေးအပ်သည်။ ဆက်လက်ပြီး ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်သစ်တောဦးစီးမှူးတို့က မိုးရာသီ သစ်ပင်များ စိုက်ပျိုးပေးသည်။ ထို့နောက် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ၊ လေဘာတီဂေါက်ကလပ်ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ာ အထောက်အကူပြုအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက တမာပင် ၅၀၀၊ ယူကလစ်ပင် ၂၀၀၊ မယ်ဇလီပင် ၂၀၀၊ ဗန်ဒါပင် ၅၀ နှင့် မယ်ဇယ်ပင် ၅၀ စုစုပေါင်း အပင် ၁၀၀၀ တို့အား တပျော်တပါး စိုက်ပျိုးကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)