မြောင်းမြ ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြမြို့တွင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတု ကောင်းမွန်မျှတရေး၊ အရိပ်အာဝါသ ရရှိရေးတို့ကို ရည်ရွယ်၍ ၂၀၂၄ ခုနှစ် (ဒုတိယအကြိမ်) မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက် (၈း၀၀) နာရီအချိန်က မြစိမ်းရောင်တောင်တော် သာသနာ့နယ်မြေ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က ပျိုးပင်များအား ပေးအပ်ခဲ့ပြီး စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့သည်။ ဆက်လက်၍ မြစိမ်းရောင်တောင် တော်သာသနာ့နယ်မြေမုခ်ဦး၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးနှင့် ဇနီးတို့က ကံ့ကော်ပင်(၂)ပင်ကို အမှတ်တရ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊မြောင်းမြပညာရေးဒီဂရီကောလိပ်မှ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၆၅၀) ဦး တက်ရောက်ပြီး၊ ကျွန်း၊ပျဥ်းကတိုး၊မဟော်ဂနီ၊ မျောက်ငို၊ မန်ဂျန်ရှား၊ ကံ့ကော်၊ခရေ၊ မယ်ဇယ် စသည့် သစ်မျိုး (၁၅) မျိုး၊ ပျိုးပင်ပေါင်း (၁၂၀၀) ပင်ကိုစုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)