အမြို့မြို့အနယ်နယ်သတင်းများ

Jun 27,2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် ယမန်နေ့ မွန်းလွဲ ၁ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်း၌ တွေ့ဆုံခဲ့သည်။
Jun 27,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အား Clean City, Green City, Smart City ဖြစ်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် ပလတ်စတစ်ကင်းစင်သော စံပြမြို့တော်ဖြစ်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ကောင်စီ၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်နှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ခေတ္တအမြဲတမ်း အတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ ဌာနမှူးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
Jun 27,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင်လူမှုဝန်ထမ်းဦးစီးဌာနမှ Gender, CEDAW, NSPAW,UNSCR 1325 အသိပညာပေးဟောပြောဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jun 27,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ခရိုင်အဆင့် သဘာဝဘေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မီးသတ်ဦးစီးဌာန၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
Jun 27,2024
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်‌ရေးနေ့အထိမ်းအမှတ် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
Jun 27,2024
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် သစ်တောပြုန်းတီးမှုမဖြစ်ပေါ်စေရေး၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ဒေသအတွင်း အပူချိန်လျော့ကျလာစေရန်နှင့် ဒေသခံပြည်သူများ သစ်ပင်ကို တန်ဖိုးထားကာ သစ်ပင်စိုက်ပျိုးလိုစိတ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ၂၀၂၄-ခုနှစ် မိုရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၈) နာရီအချိန်က ပါလောပါကယ်ကျေးရွာအုပ်စု၊ နောင်ဆံဗတ်ကျေးရွာတွင် ကျင်းပသည်။
Jun 27,2024
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၊ မြို့မ(၂)ရပ်ကွက်၊ ကြားတောရဘုန်းတော်ကြီးကျောင်းရှိ အနန္တဂုဏ်ရည် မြစေတီအနီး၌ ယမန်နေ့နံနက် (၈) နာရီအချိန်က (၂၀၂၄) ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ခရိုင်အဆင့် ကြီးမှူးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မိုးရာသီရေဘေးအန္တရာယ်ကာကွယ်ရေး သရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက နတ်ပေးကျေးရွာအုပ်စုရှိ နတ်ပေးရေကင်းစခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။