အမြို့မြို့အနယ်နယ်သတင်းများ

Jun 27,2024
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ဇွန် ၂၅ ရက်က အ.ထ.ကခွဲ(ပြည့်စုံကုန်း)နှင့် အ.ထ.က(ဝမ်းတွင်း)ကျောင်းတို့၌ ဆောင်ရွက်ခဲ့သည်။
Jun 27,2024
ကရင်ပြည်နယ်အတွင်းသို့ နည်းလမ်းမျိုးစုံဖြင့် ရောက်ရှိလာသော မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ တားဆီးနှိမ်နှင်းလျက်ရှိရာတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၆ ရက်နေ့ထိ (၆)လအတွင်း မူးယစ်ဆေးဝါးအမှုပေါင်း (၈၂)မှုမှ တရားခံ (၁၀၇)ဦးကို ဖော်ထုတ်ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း ယမန်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားမှ သိရှိရသည်။
Jun 27,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အသိပညာပေးဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Jun 27,2024
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇွန်လ ၂၅ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ကလေးခရိုင်၊ ကလေးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပြုလုပ်သော ကလေးခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
Jun 27,2024
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊  မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲဆုပေးပွဲနှင့် ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်  ၈း၃၀ အချိန်က မက်မန်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ကျင်းပခဲ့သည်။
Jun 27,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက ကျိုင်းတုံမြို့တော်ခန်းမတွင် ကျင်းပသည်။