အမြို့မြို့အနယ်နယ်သတင်းများ

Jun 27,2024
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်က ဂန့်ဂေါမြို့၊ ကျောတိုက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (ဂန့်ဂေါ) ပုံညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 27,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ ၂၀၂၄ ခုနှစ်၊ “ကမ္ဘာ့အအေးပေးပစ္စည်းများနေ့” အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲကို ဇွန် ၂၅ ရက်နေ့ နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
Jun 27,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ လူမူရေးဝန်ကြီး ဦးခင်မောင်ကြည်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်ဇော်ထွန်း၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမသို့ ရောက်ရှိလာခဲ့ပြီး ဟင်္သာတမြို့နယ်အဆင့် မွေးဖွားမှုနှင့် သေဆုံးမှုမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး၍ သက်ဆိုင်ရာတာဝန်ရှိသူများအား လိုအပ်သည်များ ဖြည့်ဆည်းလမ်းညွှန် မှာကြားခဲ့သည်။
Jun 27,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အ.မ.က(မူလွန်)ရန်ကင်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Jun 27,2024
၂၀၂၄ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်‌မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းမှ သင်တန်းသား/သူများအား ဇွန်လ ၂၅ ရက်နေ့ နံနက်ပိုင်းက စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို သင်တန်းကျောင်း၌  ကျင်းပပြုလုပ်ခဲ့သည်။
Jun 27,2024
ရွှေပြည်သာမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃)ရပ်ကွက်ရှိ အလိမ္မာဥယျာဉ် (သဇင်အောင်)ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်တို့ပူးပေါင်း၍ ယမန်နေ့နံနက်(၁၀)နာရီက အလိမ္မာဥယျာဉ် (သဇင်အောင်)စာကြည့်တိုက်၌ကျင်းပသည်။
Jun 27,2024
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ကလေးမြို့၊ ခရိုင်အားကစားကွင်းတွင် ကျင်းပသည့် (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဆုချီးမြှင့်ပွဲနှင့် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားသို့ ယမန်နေ့နံနက်ပိုင်းက တက်ရောက်ခဲ့ကြကြောင်း သိရသည်။