မင်းလှမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ Gender,CEDAW,NSPAW,UNSCR 1325 အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်

အထက်မင်းလှ ဇွန် ၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင်လူမှုဝန်ထမ်းဦးစီးဌာနမှ Gender, CEDAW, NSPAW,UNSCR 1325 အသိပညာပေးဟောပြောဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မင်းလှမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မေဝင်းမောင်က Gender , CEDAW,NSPAW,UNSCR 1325 ၏ ရည်ရွယ်ချက်များ၊ လုပ်ငန်စဉ်များ၊ ကျား၊ မ တန်းတူအခွင့်အရေးနှင့် လုပ်ကိုင်ခွင့်၊ ရပိုင်ခွင့်များအား ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့‌နောက် တက်‌ရောက်လာသည့် အမျိုးသမီးကော်မတီဝင်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များအား မေးမြန်းဆွေး‌နွေးခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှုးက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇာဇာ