ညောင်လေးပင် ဇွန် ၂၇
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၊ မြို့မ(၂)ရပ်ကွက်၊ ကြားတောရဘုန်းတော်ကြီးကျောင်းရှိ အနန္တဂုဏ်ရည် မြစေတီအနီး၌ ယမန်နေ့နံနက် (၈) နာရီအချိန်က (၂၀၂၄) ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ခရိုင်အဆင့် ကြီးမှူးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ညောင်လေးပင်ခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ကျော်စိုး၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်လင်းအောင် နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးလှမြင့်တို့မှ သဘာဝပတ်ဝန်းကျင် စိမ်းလမ်းစိုပြည်စေရေးအတွက် သစ်တောပျိုးပင်များအားလည်းကောင်း၊ ကမ္ဘာ့အပူချိန် လျော့ချရေးလုပ်ငန်း အထောက်အကူပြု သစ်တောပျိုးပင်များအားလည်းကောင်း၊ ကမ္ဘာ့သဲကန္တာရများ ဖြစ်ထွန်းမှု တိုက်ဖျက်ရေးအထောက်အကူပြု သစ်တောပျိုးပင်များအားလည်းကောင်း ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် ကြားတောရဘုန်းတော်ကြီးကျောင်းတိုက်ဆရာတော်တို့အား အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာကြသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ဒေသခံပြည်သူများမှ ကျွန်းပင် ၅၀ ၊ ယူကလစ်ပင် ၁၀၀ ၊ မန်ဂျန်ရှားပင် ၂၀၀ ၊ မဟော်ဂနီပင် ၅၀ နှင့် ခရေပင် ၁၀၀ စုစုပေါင် စိုက်ပျိုးပင် (၅၀၀) အား အတူတကွ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)