သာယာဝတီ ဇွန် ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ခရိုင်အဆင့် သဘာဝဘေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မီးသတ်ဦးစီးဌာန၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသိမ်းထွန်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများအား ရှင်းလင်းတင်ပြခြင်း၊ ရှာဖွေကယ်ဆယ်ရေမီးသတ်တပ်ဖွဲ့ဝင် (၃၅)ဦးက ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ သာယာဝတီခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသိမ်းထွန်းဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် အထပ်မြင့်တိုက်မှ ကြိုးဆင်နည်းဖြင့် သရုပ်ပြသပြီး ((We Love Tharyarwaddy) ကန်တွင် ရေပြင်အသက်ကယ်လေ့ကျင့်ခြင်းများဆောင်ရွက်ကြရာ သာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)