အမြို့မြို့အနယ်နယ်သတင်းများ

Jun 28,2024
လူငယ်လူရွယ်များအားကစားဆိုင်ရာအသိပညာနှင့် ဗလငါးတန်ဖွံ့ဖြိုးပြီး လူကောင်းလူတော်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇွန်လ(၂၈) ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အ.ထ.က-ထန်းတပင်ကျောင်း၊ လှိုင်ရတနာခန်းမ၌ကျင်းပသည်။
Jun 28,2024
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများ စာဖတ်ခြင်းဖြင့် အသိဉာဏ် ပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် အသိပညာများမှတစ်ဆင့် စဉ်းစားတွေးခေါ်တတ်လာပြီး အတတ်ပညာများအဖြစ်သို့ ပြောင်းလဲကာ နိုင်ငံ့အကျိုး သယ်ပိုးထမ်းဆောင်နိုင်သည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန်ရည်ရွယ်ပြီး တာမွေမြို့နယ် စာပေဝါသနာရှင်များမှ စီစဉ်ကျင်းပသော " လောင်းရိပ် " ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန ( Community Centre )ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ညှိနှိုင်းအစည်းအ‌ဝေးကို ယနေ့နံနက် (၉) နာရီခွဲအချိန်က မြို့နယ်ဧရာသီရိသုခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 28,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချစေရန် ရည်ရွယ်၍ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၁၀) နာရီ က ရန်ကုန်နည်းပညာတက္ကသိုလ်ဝန်းအတွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jun 28,2024
ဧရာဝတီတိုင်းဒသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အ.ထ.က လေးမျက်နှာကျောင်းခန်းမတွင် စာပေဟောပြောပွဲကို ယမန်နေ့နံနက် ၈နာရီ ၃၀ မိနစ် အချိန်က ပြုလုပ်ခဲ့သည်။
Jun 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် Book Club အဖွဲ့မှ စာရေးဆရာ ကျော်ကျော်လှိုင် ၏ ‘’တန်ဖိုးရှိ သောနေ့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ညနေပိုင်းတွင်ကျင်းပခဲ့သည်။
Jun 28,2024
ယနေ့ခေတ် လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်မားစေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် ယမန်နေ့ နံနက် ၁၁နာရီက စာပေချစ်မြတ်နိုးသူများအသင်း Book Clubနှင့် Youth Club အသင်းတို့ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။