အမြို့မြို့အနယ်နယ်သတင်းများ

Jun 28,2024
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီအစည်းအဝေး  (၂/၂၀၂၄)ကို ယမန်နေ့ နံနက် ၈ နာရီခွဲက ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 28,2024
ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့အား မြို့တော်အင်္ဂါရပ်နှင့်အညီ စိမ်းလန်းစိုပြည်ပြီး ပန်းမြို့တော်ဖြစ်လာစေရေး၊ ပြည်သူများ သစ်တောသစ်ပင်များ၏ တန်ဖိုးကို နားလည် မြတ်နိုးသည့် စိတ်ဓာတ်ဖြစ်ပေါ်လာစေရေး ဇွန် ၂၈ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့သစ်ပင်များနေ့ အထိမ်းအမှတ် မြို့တွင်း အများပြည်သူအပန်းဖြေရာနေရာများတွင် ယနေ့ နံနက် ၇ နာရီက မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်များကို ကျင်းပပြုလုပ်သည်။
Jun 28,2024
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းမှစတင်ပြီး အကြမ်းဖက်သောင်းကြမ်းသူများမှ ကော့ကရိတ်မြို့တွင်းနှင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးအား ဝင်ရောက်နှောင့်ယှက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲများဖြစ်ပွားကာ အာရှလမ်းမကြီးအား ယာယီပိတ်ထားခဲ့ရပြီး မော်တော်ယာဉ်များနှင့်ကုန်စည်များ ကူးသန်းသွားလာရောင်းဝယ်မှုများ ပြတ်တောက်ခဲ့ရကြောင်း သိရသည်။
Jun 28,2024
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ် စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာရေးဆရာ ဗန်းမော်တင်အောင် ရေးသားသော “ငဩ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြုလုပ်ခဲ့သည်။
Jun 28,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ တောင်သူဦးသန်းမြင့်၏ လယ်ဧက(၅)ဧကတွင် စိုက်ပျိုးထားသည့် မိုးနှမ်းစံပြကွက် စိုက်ခင်းအထွက်နှုန်းကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များက ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးသည်။
Jun 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jun 28,2024
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအသိပညာ ပေး မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ရှိ ဗိုလ်ချုပ်လမ်းမကြီးပေါ်၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အစိုးရမဟုတ်သော အသင်းအဖွဲ့မှ တာဝန်ရှိသူများ၊ ချင်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူ များနှင့် ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြသည်။