အမြို့မြို့အနယ်နယ်သတင်းများ

Jun 28,2024
တနင်္သာရီတိုင်းဒေသကြီးအစိုးရ၏ စီမံမှုဖြင့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ကျောင်းသား/သူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိပြီး အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
Jun 28,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေးခန်းမဆောင်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က စလင်းမြို့နယ်အတွင်း နေထိုင်သူများအား အတည်ပြုထားသည့် အသက်(၁၈)နှစ်နှင့်အထက် လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မူကြမ်းပူးပေါင်းစစ်ဆေးမှုများ ဆောင်ရွက်ကြောင်း သိရသည်။
Jun 28,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက အ.ထ.က(ကဝ)ကျောင်းဝန်းအတွင်း၌ ကျင်းပခဲ့သည်။
Jun 28,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက်ခြင်းကို ယမန်နေ့ညနေက ဘုတ်ပြင်းမြို့ ကမာချောင်းကျေးရွာအုပ်စု ကမာချောင်းကျေးရွာ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 28,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဘိုးဘွားရိပ်သာနှင့် လူငယ်ပရဟိတဂေဟာ ရေရှည်တည်တံ့ခိုင်မြဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက ဝမ်ကောင်းရပ်ကွက်၊ ဘိုးဘွားရိပ်သာအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 28,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက သမဝါယမဦးစီးဌာနရုံးသို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။
Jun 28,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျိုက်ထိုမြို့နယ်၊ သမဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အခြေခံသမဝါယမ အသင်း (၃) သင်းအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 28,2024
စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုခရိုင်၊​ ရွှေဘိုမြို့၌ ပြည်သူ့စစ်မှုထမ်းအမှတ်စဥ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ယ​နေ့နံနက်ပိုင်းက အမှတ်(၈)စစ်အ​ခြေခံ ​လေ့ကျင့်​ရေးတပ်တွင်ကျင်းပရာ အမှတ်(၅)စစ်အုပ်ချုပ်​ရေးနယ်​မြေ စစ်နယ်​မြေမှူးနှင့် အရာရှိစစ်သည်များ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်မြို့/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်​ရောက်ခဲ့​ကြောင်း သိရသည်။