Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အမရပူရမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jun 28,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေ ရေးအတွက် ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ဇွန်လ (၂၆) ရက်နေ့က အမရပူရမြို့ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သုံးခွမြို့၌ အားကစားနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Jun 28,2024
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က (၁) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းတုန်းမြို့နယ်တွင် ကော်ဖီတိုးချဲ့စိုက်ပျိုးမည့် တောင်သူများအား ကော်ဖီပျိုးပင်များ ထောက်ပံ့ပေးအပ်
Jun 28,2024
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် ကော်ဖီတိုးချဲ့စိုက်ပျိုးမည့် တောင်သူများအား ပျိုးပင်များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဦးက ကော်ဖီပျိုးပင်များ ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကော်ဖီပင်များ ရှင်သန်အောင် စိုက်ပျိုးကြရန် မှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းတက္ကသိုလ်၌ အမျိုးသားတံခွန်စိုက်ပိုက်ကျော်ခြင်း ဗိုလ်လုပွဲပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jun 28,2024
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အမျိုးသား တံခွန်စိုက် ပိုက်ကျော်ခြင်း ဗိုလ်လုပွဲပြိုင်ပွဲနှင့် ဆုများချီးမြှင့်ခြင်း အခမ်းအနားကို ဇွန်လ (၂၆) ရက် ညနေ(၃)နာရီက တက္ကသိုလ် မိုးလုံလေလုံဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ် စာကြည့်တိုက်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 28,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့်တိုက်များ၊ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များနှင့် စံညီစာကြည့်တိုက်များ ရေရှည်ရှင်သန် တည်တံ့စေရေးနှင့် စာကြည့်တိုက်လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်စေရေးအတွက် ဇွန်လ (၂၆) ရက်နေ့ ညနေပိုင်းအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ မြို့နယ်စာကြည့်တိုက်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့ရှိ အခြေခံပညာကျောင်းများ၌ ဆုံဆို့-မေးခိုင်ကာကွယ်ဆေး (DT) ထိုးနှံ
Jun 28,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အခြေခံပညာကျောင်းများရှိ အသက် (၇) နှစ်အောက် KG ကျောင်းသား/ကျောင်းသူများအား ဆုံဆို့-မေးခိုင် ကာကွယ်ဆေး(DT)ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေးရှင်းလင်းပွဲ ကျင်းပ
Jun 28,2024
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေး ရှင်းလင်းပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါမြို့နယ်ရှိ (ဆ)ရပ်ကွက်၊ ရွှေလှေချမ်းသာရဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်တွင် နွေနှမ်း(ပေါင်ကြီးတင်) စနစ်ဖြင့် စံပြစိုက်ပျိုးခြင်း စံကွက်ရိတ်သိမ်းပွဲကျင်းပ
Jun 28,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ နွေနှမ်း(ပေါင်ကြီးတင်)စနစ်ဖြင့် စံပြစိုက်ပျိုးခြင်း စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် (၈)နာရီ (၃၀) အချိန်က မိုးဝန်းကျေးရွာ ကွင်းအမှတ် (၄၇၁)၊ ဦးပိုင်အမှတ် (၅၁/၁)၊ တောင်သူ ဦးဝင်းမြင့်၏ လယ်မြေတွင်ကျင်းပရာ ထွက်ရှိမှုနှုန်း တွက်ချက်မှုအရ တစ်ဧကလျင်၂၆.၀၂ တင်း ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5613
Page
5614
Page
5615
Page
5616
Current page
5617
Page
5618
Page
5619
Page
5620
Page
5621
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department