Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လှည်းကူးမြို့နယ် ငမိုးရိပ်လက်ယာမြောင်းတွင် ရေပတ်ဆော့ကစားသူများ၊ အပန်းဖြေသူဖြင့် စည်ကားလျက်ရှိ
Apr 15,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၁၃၈၅ ခုနှစ် မဟာသင်္ကြန်အကြတ်နေ့၌ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ ရေကစားမဏ္ဍပ်များတွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်မြို့နယ်ရှိ စက်စဲကမ်းခြေတွင် သင်္ကြန်အကြတ်နေ့၌ အပန်းဖြေရေကစားသူများဖြင့် အထူးစည်ကား
Apr 15,2024
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် စက်စဲကမ်းခြေ၌ ၁၃၈၅ ခုနှစ် မဟာသင်္ကြန်အကြတ်နေ့ ယနေ့နံနက်ပိုင်းမှစတင်၍ အပန်းဖြေ ရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဂံခေတ်မှ ပင်းယခေတ်အတွင်း အနုပညာလက်ရာများ တစ်စုတစ်ဝေးတည်းရှိသည့် ရွှေဂူကြီးစေတီတော်ကြီးသို့ မဟာသင်္ကြန်ရက်ရှည် ရုံးပိတ်ရက်များတွင် ဘုရားဖူးပြည်သူများ လာရောက်…
Apr 15,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ အနော်ရထာမင်းကြီးလက်ထက်တွင် ဆည်၊ မြောင်း၊ ချောင်း၊ ကန်၊ ဘုရား၊ ပုထိုးစေတီများကို နေရာအနှံအပြားတွင် တည်ဆောက်ခဲ့ပြီး ပုဂံခေတ် အေဒီ ၁၁ ရာစုမှ ပင်းယခေတ် အေဒီ ၁၄ ရာစုအတွင်း အနုပညာလက်ရာများ တစ်စုတစ်ဝေးတည်းနှင့် အပြည့်စုံဆုံးစုဝေးတည်ရှိရာ ရွှေဂူကြီးစေတီတော်ကြီးသို့ မဟာသင်္ကြန်ရက်ရှည် ရုံးပိတ်ရက်များတွင် ဘုရားဖူးပြည်သူများအနေဖြင့် လာရောက်လေ့လာနိုင်ပါသည်။
အပြည့်အစုံ ဖတ်ရန်
ဒုံဝန်းကျေးရွာ၌ မဟာသင်္ကြန်ကာလ နှစ်ကူးအထူးတရားပွဲ ကျင်းပ
Apr 15,2024
မွန်ပြည်နယ်၊ သထုံမြို့နယ် ဒုံဝန်းကျေးရွာ ညောင်ပင်သာကျောင်းတိုက်ရှိ အောင်ချမ်းသာဘုရား ရင်ပြင်တော်ပေါ်တွင် မဟာသင်္ကြန်ကာလ နှစ်ကူးအထူးတရားပွဲကို ယမန်နေ့ (မဟာသင်္ကြန်အကျနေ့)ညမှစတင်ကာ ညောင်ပင်သာကျောင်းဂေါပကအဖွဲ့မှ ကြီးမှူး၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့ရှိ ဘုန်းကြီးကျောင်းများနှင့် ကျေးရွာနေပြည်သူများထံ သောက်သုံးရေများ သွားရောက်လှူဒါန်း
Apr 15,2024
မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ဘုန်းကြီးကျောင်းများနှင့် ပင်လယ်ဆိပ်ကမ်းအနီးအနားရှိ ညောင်ဝိုင်းကျေးရွာတွင် နွေရာသီကာလ သောက်သုံးရေများ ပြတ်လပ်မှုမရှိစေရန်အတွက် ယမန်နေ့က မြန်မာ့လူငယ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သောက်သုံးရေများကို သွားရောက်လှူဒါန်း ဖြန့်ဝေပေးသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် (၅၃)ကြိမ်မြောက်အဖြစ် မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးနိုင်ရန် သန့်ရှင်းရေးများ ဆောင်ရွက်
Apr 15,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး၊ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အဓိပတိ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ဦးဆောင်ဦးရွက်မှုနှင့် သီပေါမြို့ မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တပညာသီရိ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင် စသည့်မြို့ကြီးများမှ မျက်စိအထူးကု ဆရာဝန်ကြီးများက အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ် ကုသပေးခဲ့ရာ (၅၂)ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ ဗဟိုမဏ္ဍပ်၌ ယိမ်းအဖွဲ့များ၏ ပြိုင်ပွဲဝင်ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေး
Apr 15,2024
၁၃၈၅ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အကျနေ့ ယမန်နေ့ ညနေပိုင်းတွင် ပုသိမ်မြို့ ကမ်းနားလမ်း ရှုခင်းသာရင်ပြင်ရှိ ဗဟိုမဏ္ဍပ်၌ ယိမ်းအဖွဲ့များ၏ ပြိုင်ပွဲဝင် ယှဉ်ပြိုင်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ်တွင် အစဉ်အလာမပျက် ဘုရားရေသပ္ပါယ်ပူဇော်ပွဲ ကျင်းပ
Apr 15,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ ဘုန်းတော်ကြီးကျောင်းများရှိ ဘုရားရုပ်ပွားတော်များအား ဘုရားရေသပ္ပါယ်ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက အစဉ်အလာမပျက် ကျင်းပခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5462
Page
5463
Page
5464
Page
5465
Current page
5466
Page
5467
Page
5468
Page
5469
Page
5470
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department