အမြို့မြို့အနယ်နယ်သတင်းများ

Apr 17,2024
မြန်မာ့ရိုးရာမဟာသကြင်္န်ပွဲတော်ယိမ်းအကပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲကို ယမန်နေ့ ညနေ့(၅)နာရီက တောင်ကြီးမြို့၊ သစ်တောရပ်ကွက် ရုံးကြီးလမ်း၌ ကျင်းပသည်။
Apr 17,2024
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၅ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမရှေ့၊ ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
Apr 17,2024
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အင်းလေးရေပေါ်သင်္ကြန်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ (မဟာသင်္ကြန်အတက်နေ့) ညနေပိုင်းက အင်းလေးဒေသ မိုင်းသောက်ကျေးရွာအနီးရေပြင်ရှိ ရေလယ်ဧည့်ခန်းမ(အင်းလယ်ဗိုလ်တဲ) ရေကစားမဏ္ဍပ်၌ ကျင်းပကြောင်း သိရသည်။
Apr 17,2024
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၁၃၈၅ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲကို ယမန်နေ့ ညနေပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဧည့်ရိပ်သာရှေ့ ဗဟိုမဏ္ဍပ်၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ယိမ်းအကအဖွဲ့များ၊ မြို့မိ၊ မြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
Apr 17,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲကို ယမန်နေ့ညနေ ၅ နာရီခွဲအချိန်က ဗိုလ်မှူးဖိုးကွန်းလမ်း၊ ကေတုမတီမုခ်ဦးရှေ့၌ ကျင်းပသည်။
Apr 17,2024
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ခရစ်သက္ကရာဇ် ၂၀၂၄ ခုနှစ် ယမန်နေ့ ညနေ ၄ နာရီက မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ရန်ကုန်-ပြည်လမ်းရှိ ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာကျင်းပကြောင်း သိရသည်။
Apr 17,2024
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာအတာသင်္ကြန်အတက်နေ့ဖြစ်သည့် ယမန်နေ့နံနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လှိုင်းဘွဲနှင့် ဘားအံမြို့နယ်အတွင်းရှိ ရေကစားမဏ္ဍပ်များ၌ သင်္ကြန်ချစ်သူ ဒေသခံတိုင်းရင်းသားပြည်သူများ၏ အေးချမ်းပျော်ရွှင်စွာ ရေကစားနေမှုများကို ကြည့်ရှုအားပေးပြီး အတာရေသဘင်ပွဲကို အတူတကွ ပါဝင်ဆင်နွှဲခဲ့ကြသည်။
Apr 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မြန်မာ့ရိုးရာယဉ် ကျေးမှုနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီက မြန်အောင်မြို့ ပြည်သူ့ရင်ပြင်ရှေ့ မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုစွာကျင်းပပြုလုပ်သည်။