ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ ဗဟိုမဏ္ဍပ်၌ ယိမ်းအဖွဲ့များ၏ ပြိုင်ပွဲဝင်ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေး

ပုသိမ် ဧပြီ   ၁၅

၁၃၈၅ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အကျနေ့ ယမန်နေ့ ညနေပိုင်းတွင် ပုသိမ်မြို့ ကမ်းနားလမ်း ရှုခင်းသာရင်ပြင်ရှိ ဗဟိုမဏ္ဍပ်၌ ယိမ်းအဖွဲ့များ၏ ပြိုင်ပွဲဝင် ယှဉ်ပြိုင်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်(၆)စစ်အခြေခံလေ့ကျင့်ရေးတပ်ကိုယ်စားပြု(ပိတောက်ရွှေဝါ)ယိမ်းအဖွဲ့၊ မူလတန်းအုပ်စု(၆)ယိမ်းအဖွဲ့၊ အ.ထ.က(၂)ယိမ်းအဖွဲ့၊ ရပ်ကွက်(၁၃)ယိမ်းအဖွဲ့၊ မူလတန်းအုပ်စု(၁)ယိမ်းအဖွဲ့၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်စခန်းရုံးကိုယ်စားပြုယိမ်းအဖွဲ့၊ မူလတန်းအုပ်စု(၅)ယိမ်းအဖွဲ့၊ ပုသိမ်တက္ကသိုလ်ယိမ်းအဖွဲ့၊ ပုသိမ်လေတပ်စခန်းဌာနချုပ်ကိုယ်စားပြု (ရွှေတောင်ပံသမီးပျိုများ)ယိမ်းအဖွဲ့များ၏ ပါဝင်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများက ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

၁၃၈၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ယိမ်းပြိုင်ပွဲများအား သင်္ကြန်အကျနေ့တွင် ပြိုင်ပွဲဝင်အဖွဲ့ (၉)ဖွဲ့၊ သင်္ကြန်အကြတ်နေ့တွင် ပြိုင်ပွဲဝင်အဖွဲ့ (၉)ဖွဲ့၊ သင်္ကြန်အတက်နေ့တွင် ပြိုင်ပွဲဝင်အဖွဲ့ (၃)ဖွဲ့ စုစုပေါင်းယိမ်းအဖွဲ့ (၂၁)ဖွဲ့က    ပါဝင်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရပြီး  မဟာသင်္ကြန်ပွဲတော် အကျနေ့ညနေပိုင်းတွင် လမ်းလျှောက်သင်္ကြန်ပွဲတော်အပါအဝင်  ဌာနဆိုင်ရာများနှင့် ရပ်ကွက်များမှမဏ္ဍပ် (၁၀)ခုပါဝင်ပြီး လမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် မဏ္ဍပ်များတွင် ရေကစားသူများ၊ ရေပက်ခံထွက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)