အမြို့မြို့အနယ်နယ်သတင်းများ

Apr 16,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး (သင်္ကြန်အတက်နေ့) ဧပြီ ၁၆ ရက်နေ့တွင် ရပ်ကွက်၊ ကျေးရွာများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလခံယူစောင့်သူများနှင့် ကုသိုလ်ကောင်းမှုပြုလုပ်သူများ၊ ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Apr 16,2024
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များ၌ ကောင်းမှုကုသိုလ်ပြုသူများ၊ ဥပုသ်သီလခံယူ ဆောက်တည်သူများ၊ ရေကစားသူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အတက်နေ့ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
Apr 16,2024
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ကောင်းမှုကုသိုလ်ပြုသူများ၊ ဥပုသ်သီလခံယူဆောက်တည်သူများ၊ ရေကစားသူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အတက်နေ့ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
Apr 16,2024
မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝှမ်း အစဥ်အလာမပြတ် အနှစ်သာရ ပြည့်ဝစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အင်ကြင်းမြိုင်ကျေးရွာရေပေါ်စျေးနှင့် အမှတ် ၃ ရပ်ကွက် ကြံခင်းလမ်းတို့၌ ၁၃၈၅ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်အတက်နေ့တွင် နံနက်ပိုင်းမှစ၍ ပျော်ရွှင်စွာ ရေကစားသူများဖြင့် စည်းကားများပြားလျက်ရှိကြောင်း သိရသည်။
Apr 16,2024
မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ကောင်းမှုကုသိုလ်ပြုသူများ၊ ဥပုသ်သီလခံယူ ဆောက်တည်သူများ၊ ရေကစားသူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အတက်နေ့ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
Apr 16,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ဆည်မြောင်းချောင်းကန်ပေါများပြီး ရှမ်းကုန်းမြင့်ဒေသနှင့်ထိဆက်လျက်ရှိကြောင်းနှင့် ကျောက်ဆည်မြို့နယ်အတွင်းသို့ စတင်ဝင်ရောက်စီးဆင်းလျက်ရှိသည့် ကင်းကျေးရွာအနီး ဆင်‌ခေါင်းတော်ခြေတွင်ရှိသော ဇော်ဂျီမြစ်အပန်းဖြေစခန်းတွင် ယနေ့နံနက်ပိုင်းတွင် ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်ရေကစားအပန်းဖြေအနားယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။
Apr 16,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၏ မဟာသင်္ကြန်ပွဲတော်(အတက်နေ့) ယနေ့နံနက်ပိုင်းတွင် သီပေါချောင်းသာဟုခေါ်တွင်သော မြို့အဝင် သီပေါတံတားအနီးရှိ ဒုဋ္ဌဝတီမြစ်ကမ်းဘေး ရေကစားရာနေရာ၊ (၄)မိုင်ကမ်းခြေရေကစားရာနေရာ၊ ဆွတ်လန်းကျေးရွာရှိ ပန်းချယ်ရီနှင့် စမ်းရေကြည် မြစ်ကမ်းဘေး ရေပေါ်စားသောက်ဆိုင်၊ ဆွတ်လန်းလှေဆိပ်၊ Hsipaw Garden၊ နောင်ကော်ကြီးကျေးရွာရှိ ဟိုနောင်ပန်းခြံစသည့်နေရာများတွင် လာရောက်လည်ပတ်သူများဖြင့် များပြားလျက်ရှိကြောင်း သိရသည်။
Apr 16,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဝါးတောကျေးရွာအုပ်စု၊ ဝါးတောကျေးရွာတွင် ယမန်နေ့ ညနေ(၄)နာရီအချိန်ခန့်က လူနေအိမ် (၂) လုံး မီးလောင်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။