အမြို့မြို့အနယ်နယ်သတင်းများ

Apr 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ၂၀၂၄-ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းနှင့် သင်တန်းဆင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက်(၉)နာရီခန့်က အမှတ်(၄)ရပ်ကွက်၊ ၉ ဖြတ်လမ်းရှိ ရွှေဧရာအောင် အားကစားခန်းမတွင် ကျင်းပခဲ့သည်။
Apr 04,2024
နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ၊ အချိန်ကို တန်ဖိုးရှိရှိအသုံးချတတ်စေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ အခြေခံပန်းချီ အခမဲ့သင်တန်းကို ဧပြီ ၁ ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။
Apr 04,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမနေ့ ဝိနည်း ကျင့်ဝတ်/ သုကုမာရမဂ္ဂဒီပနီ၊ ဘိက္ခုပါတိမောက်ဘာသာ/ ဓမ္မပဒ၊ ဒွေမာတိကာ ဘာသာ/ဓမ္မပဒ ဘာသာရပ်ကို ယမန်နေ့နေ့လယ် ၁၂ နာရီက စတင်၍ သံဃသာမဂ္ဂီမဟာသိမ်တော်ကြီး စာစစ်ဌာနတွင် စတင်ကျင်းပပြုလုပ်ခဲ့သည်။
Apr 04,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်/မြို့နယ်အဆင့် MSY/VRFP စီမံကိန်းစီမံကိန်းသုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီအချိန်က ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ​အစည်းအဝေးခန်းမတွင် ကျင်းပလုပ်ပြုခဲ့ကြောင်း သိရသည်။
Apr 04,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် Book Club၊ Woman Club၊ Youth Club တို့နှင့် ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှ အသိဗဟုသုတများ ရရှိစေရေးအတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို အဆိုပါပြန်ဆက်ဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီချိန်က စာရေးဆရာမောင်ခေတ်ထွန်း ရေးသားသည့် “သားရွှေစင် ပုံပြင်ပေါင်းချုပ်” စာအုပ်ဖြင့် ကျင်းပပြုလုပ်သည်။
Apr 04,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ခရိုင်သာသနာရေးမှူးရုံးဝင်းအတွင်း ဇမ္ဗုဒီပသာသနာ့ဗိမာန်တော်ကြီး၌  မြို့နယ်သံဃာနာယက ဆရာတော်ကြီးများကြီးကြပ်မှုဖြင့် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်သာသနာရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်မှစတင်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 04,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ စာမတတ်မြောက်သူများ စာတတ်မြောက်ရေးလုပ်ငန်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ နတ်သျှင်နောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ချိုကြည်သာသနာ့ ဗိမာန်တော်ကြီးအတွင်းတွင် ယနေ့နံနက်(၁၀)နာရီ အချိန်၌ ၂၀၂၄-၂၀၂၅ ခုနှစ် လုပ်ငန်းရာသီအတွက် (ပထမအကြိမ်) ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့် ပိုက်ချက်များ တင်ဒါစနစ်ဖြင့် ရောင်းချခြင်း အခမ်းအနားကျင်းပ ဆောင်ရွက်သည်။