အမြို့မြို့အနယ်နယ်သတင်းများ

Apr 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ အေရိုးဗစ်သင်တန်းကို ၃-၄-၂၀၂၄ ရက်နေ့က စတင်၍ ဖွင့်လှစ်ခဲ့သည်။
Apr 05,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြမီးငြှိမ်းသတ်လေ့ကျင့်မှုကို ဧပြီလ ၃ ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 05,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် န-ကျားထူးကျေးရွာအုပ်စုရှိ တောင်သူ ဦးသိန်းထွန်းဝင်း၏ တစ်ဧကစိုက်ခင်းတွင် နွေစပါးသီးနှံကို Vietnam လက်ဆွဲကောက်စိုက်စက်ဖြင့်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ လမ်းညွှန်မှုများနှင့်အညီ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
Apr 05,2024
သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ကို ဧပြီ ၄ ရက်မွန်းတည့် ၁၂ နာရီက ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော်သာသနာ့ဗိမာန်တော်၌ (မူ/ ငယ်/ လတ်/ ကြီး) ကစ္စည်းသဒ္ဒါကြီးဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Apr 05,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မှန်ကင်းကျောင်း စိန်ခြည်လင်းဓမ္မဗိမာန်၌ ပါဠိပထမပြန် စာမေးပွဲအောင်မြင်တော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား ဂုဏ်ပြုပူဇော်သည့် ဒသမအကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
Apr 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Woomen Club အဖွဲ့တို့ ပူးပေါင်း၍ အခမ်းအနားမှူးသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Apr 05,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ဒေသတွင်း ကြက်သွန်နီစိုက်တောင်သူများ ဈေးနှုန်းကောင်း၍ အကျိုးအမြတ်ရရှိကြောင်း စိုက်ပျိုးသူများထံက သိရသည်။
Apr 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ကစ္စည်းသဒ္ဒါကြီး ဘာသာရပ်ကို ယမန်နေ့မွန်းတည့် ၁၂ နာရီတွင် မဟာအတုလဝေယံ ပြည်တော်ပြန် သာသနာ့ဗိမာန်တော်ကြီး၌ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိသည်။