အမြို့မြို့အနယ်နယ်သတင်းများ

Apr 04,2024
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်၌ ကျောင်းသား၊ ကျောင်းသူများ ပန်းချီပညာတက်ရောက်စေရန်ရည်ရွယ်ပြီး အခြေခံပညာပန်းချီသင်တန်းဖွင့်ပွဲကို ယနေ့နံနက်၁၀နာရီက Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
Apr 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း၊ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း၊ စိုက်ပျိုးရေးသုံး ဆိုလာရေတင်စနစ်နှင့် အသက်မွေးဝမ်းကြောင်း အထောက်အကူပြုသင်တန်းများအား သက်ဆိုင်သူအားလုံးပါဝင်သော သုံးသပ်ဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမ၌ ယနေ့ နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့ နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့အဖြစ် ယနေ့မွန်းတည့် (၁၂) နာရီကမြို့မ(၆)ရပ်ကွက်ရှိ တာဝတိံသာ တန်ဆောင်းတော်ကြီးအတွင်း၌ ဆက်လက်ဖြေဆိုလျက်ရှိသည်။
Apr 04,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းမြို့ပေါ်ရပ်ကွက်၊ ကျေးရွာများရှိ အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင် ထောက်ပံ့ငွေများအား ယနေ့နံနက်ပိုင်းက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Apr 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ​​ဒေးဒရဲမြို့နယ်အတွင်း၌ ပွင့်လင်းရာသီကာလ မီးလောင်မှုများ မဖြစ်ပွားစေရေးနှင့် မီးလောင်မှုများ ဖြစ်ပွားလာပါက အချိန်မီ မီးငြှိမ်းသတ်နိုင်ရေး ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် ကြိုတင် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများကို ယမန်နေ့ ညနေ (၃) နာရီက သံဒင်းကျေးရွာ အထည်ချုပ်စက်ရုံဝန်းအတွင်း၌ ဆောင်ရွက်ခဲ့သည်။
Apr 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၌ နွေရာသီ သောက်သုံးရေများစတင် ရှားပါးလာပြီဖြစ်၍ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် လပွတ္တာမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ရေသယ်ယာဥ်ဖြင့် အမှတ်(၇)ရပ်ကွက်၊ သရက်တောဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေ (၃၂၀၀)ဂါလန်အား ယနေ့ နံနက်ပိုင်းက အခမဲ့သွားရောက် လှူဒါန်းပေးခဲ့သည်။
Apr 04,2024
၂၀၂၄ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲကို နိုင်ငံတစ်ဝှမ်း၌ စာဖြေဌာနအသီးသီးတွင် မတ်လ(၂၈)ရက်မှစတင်၍ အစိုးရဓမ္မာစရိယစာမေးပွဲကို (၉)ရက်တိုင်တိုင်နှင့် ပါဠိပထမပြန်စာမေးပွဲကို (၇)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ရာ မြိတ်စာဖြေဌာနကို မြိတ်မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီ တော် ဗုဒ္ဓသာသနာ့ဗိမာန်နှင့် ရေကြည်တော်ဓမ္မာရုံတို့တွင် ပါဠိပထမပြန်စာမေးပွဲကို ဆက်လက်ကျင်းပလျက်ရှိသည်။
Apr 04,2024
ပဲခူးတိုင်း​ဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်း ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရေးအတွက် သဲကုန်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မြို့နယ်၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက သဲကုန်းမြို့ပေါ် ရပ်ကွက်များ၊ မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအားကျန်းမာရေး အသိပညာဗဟုသုတရရှိစေရန်နှင့်  ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ သဲကုန်းမြို့နယ် မိခင်နှင့်က​လေးကျန်းမာ​ရေးဌာနတွင် အသက်(၁)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊​​ ဆေးတိုက်​ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။