ကျိုက်လတ်၌ ၂၀၂၄-ခုနှစ်၊ နွေရာသီအခြေခံအားကစား သင်တန်းနှင့်သင်တန်းဆင်းပြိုင်ပွဲဆုချီးမြှင့်ပွဲ ကျင်းပ

ကျိုက်လတ် ဧပြီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ၂၀၂၄-ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းနှင့် သင်တန်းဆင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက်(၉)နာရီခန့်က အမှတ်(၄)ရပ်ကွက်၊ ၉ ဖြတ်လမ်းရှိ ရွှေဧရာအောင် အားကစားခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးမင်း‌အောင်၊ အဖွဲ့ဝင်(၂)ဉီးစိန်မြင့်၊ ဖျာပုံခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဉီး၊ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးထင်အောင်ကျော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မြို့နယ်ဉီးစီးအရာရှိ ဒေါ်ရီရီမြင့်နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်နိုးသူတို့က ဆုရရှိသည့် သင်တန်းသား၊ သင်တန်းသူများကို ဆုများချီးမြှင့်ပေးခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်အားကစားနှင့် ကာယပညာဉီးစီးဌာန နည်းစနစ်မှူး ဉီးကျော်နိုင်က မြန်မာ့သိုင်း သင်တန်းနည်းပြဆရာများကို ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ပြီး မြို့နယ်မြန်မာ့သိုင်းသင်တန်းသားများက တက်ရောက်လာကြသူများအား သရုပ်ပြ ဖျော်ဖြေခဲ့ကြသည်။

ကျိုက်လတ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အခြေခံအားကစားသင်တန်းများအဖြစ် ဘော်လီဘော၊ ဘောလုံး၊ ပြေးခုန်ပစ်၊ ရိုးရာခြင်းလုံးခတ်နှင့် မြန်မာ့သိုင်းသင်တန်းများကို ရွှေဧရာအောင်အားကစားခန်းမနှင့် မြို့နယ်အားကစားကွင်းတို့တွင် အခမဲ့ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

လှိုင်မင်းအောင်