ကျောက်ဆည်မြို့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းသုံးသပ်ဆွေးနွေးပွဲအခမ်းအနား ကျင်းပ

ကျောက်ဆည် ဧပြီ ၅

မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် (၉) နာရီခွဲက ကျေးလက်ဒေသများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်နေပြည်သူများ အလုပ်အကိုင်ရရှိရေး၊ တစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်ငန်းများ၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ပြီး မိသားစုဝင်ငွေ တိုးပွားလာစေရေးအတွက် ‌ဆောင်ရွက်ခဲ့သော မြစိမ်းရောင်ကျေးရွာစီမံကိန်းများအား သုံးသပ်ဆွေးနွေးသည့် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ကျောက်ဆည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီဦးက ကျောက်ဆည်မြို့နယ်တွင်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းများကို (၂၀၂၁၄-၂၀၁၅) ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး ယခုအခါ ကျေးရွာပေါင်း (၄၀)ရွာ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်စုအောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာများမှ ပြည်များအနေဖြင့် စီမံကိန်းအရ မိမိတို့ ရေးဆွဲခဲ့သော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းများအပေါ် ပိုမိုစိတ်ဝင်စားပြီး၊ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရသည့်အတွက် ပိုမို ပူးပေါင်းပါဝင်လာကာ ကျေးရွာများ ဘက်စုံဖွံ့ဖြိုးတိုးတက်လာကြောင်း စသည့် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများနှင့် ပတ်သတ်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင်များက မိမိတို့ ကျေးရွာများအလိုက် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံရသော အခက်အခဲများ၊ အားနည်းချက်၊ အားသာချက်များကို အသီးသီး ရှင်းလင်းတင်ပြဆွေးနွေးခဲ့ရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်စုအောင်က လုပ်ငန်းများ အောင်မြင်ရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သက်မောင်