မုံရွာ၊ ဧပြီ ၅
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းညွှန်မှုဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ဒုတိယအကြိမ်တပ်ဆင့် ရှင်းလင်းဆွေးနွေးပွဲကို ဧပြီ လ ၅ ရက်နေ့ နံနက် ၉ နာရီ က စစ်ကိုင်းတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူး ဦးသက်ဆိုင်အောင်နှင့်အတူ တိုင်းဒေသကြီးနှင့်မြို့နယ်ရုံးရှိ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အခွန်ထမ်းပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူး ဦးသက်ဆိုင်အောင်က အဖွင့်အမှာစကားပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူးဦးလှဝင်းက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့်စပ်လျဥ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများဖြစ်သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေရည်ရွယ်ချက်၊ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်ခြင်း၊ ယာယီရွေ့ဆိုင်းနိုင်သည့် ပုဂ္ဂိုလ်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအား Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)