လပွတ္တာ ဧပြီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် အသိပညာပေး ဟောပြောပွဲအခမ်းအနားအား ယနေ့နံနက် (၁၀) နာရီ အချိန်က တပ်ကွင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ဟောပြာပွဲဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁ ဗိုလ်မှူးဖြိုးဝေဟိန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထူးတို့ကပြည်သူများ သိရှိနားလည်နိုင်စေရန်အတွက် ပြည်သူ့စစ်မှုထမ်းဆိုင်ရာကိစ္စရပ်များဖြစ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ အမျိုးသားရေးတာဝန်၊ စိုးရိမ်ရန်မလိုကြောင်း၊ ဘာကြောင့်ပြည်သူ့စစ်မှုထမ်း စနစ်ကျင့်သုံးရတာလဲ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ကင်းလွတ်ခွင့်များနှင့် ယာယီရွှေ့ဆိုင်းနိုင်သူများ အစရှိသည်များအား ဆွေးနွေးဟောပြောပို့ချခဲ့သည်။
အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ ကျေးရွာနေ ပြည်သူ (၂၇၁) ဦးခန့် တက်ရောက်ခဲ့ကြသည်။ အလားတူ လပွတ္တာမြို့နယ်အတွင်းရှိကျေးရွာများတွင်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူးများက ဦးဆောင်၍ ကျေးရွာနေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန်သိရှိ စေရန်အတွက် ဟောပြောပွဲများဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
မူမူ (ပြန်/ဆက်)