ခန္တီးမြို့နယ်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ခန္တီး ဧပြီ ၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုး တက်စေရေးအတွက် Never Stop Learning Campaing(2024) စာဖတ်ဝိုင်းများ ကျင်းပဆောင်ရွက် လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန တွင် ရန်ကုန်ဘဆွေ ရေးသားထားသည့်  သေသော်မတည့် ‌ဪကောင်း၏ စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ဉီးစီးအရာရှိ ဉီးသီဟထက်အောင်က  စာကောင်းပေမွန်များရွေးချယ်ဖတ်ရှု့ခြင်းဖြင့် အသိပညာဖွံ့ဖြိုးတိုးတက်စေရန်နှင့် စိတ်ဓာတ်ခွန်အားမြင့်မားလာစေရန်၊ ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများအနေဖြင့် မြန်မာစာ၊ မြန်မာစကားဝေါဟာရကျွမ်းကျင်မှုနှင့်စကားလုံးအထားအသိုမှန်ကန်မှုရှိစေရန်၊ ဝန်ထမ်းများ၏ စဉ်းစားသုံးသပ်တွေးခေါ်မှု၊ ဆန်းစစ်အကဲဖြတ်မှု၊ ပိုင်းခြားစိတ်ဖြာသုံးသပ်မှုနှင့် စိတ်ခံစားချက် နားလည်မှုတို့မြင့်မားလာစေရန် ရည်ရွယ်၍ Never Stop Learning Campaing(2024) စာဖတ်ဝိုင်းများ ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်နန်းအေးခိုင်က သေသော်မတည့် ဪကောင်း၏ စာအုပ်ဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးရာ ရုံးအကူက ဒေါ်သွယ်သွယ်ဉီးနှင့် ရုပ်သံကျွမ်းကျင်-၃ (အင်အားပြ) အငယ်တန်းစာရေး ဉီးအောင်လွင်ဉီးက သိရှိလိုသည်များအားမေးမြန်းဆွေးနွေးရာ ခရိုင်ဉီးစီးမှူး ဒေါ်နန်းအေးခိုင်က ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)