အမြို့မြို့အနယ်နယ်သတင်းများ

Apr 10,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့မစည်ပင်သာယာစျေး မီးလောင်ပျက်စီးဆုံးရှုံးမှုမရှိစေရေး လုံခြုံမှုရှိစေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အထူးကြပ်မတ်လိုက်လံကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ တာဝန်ရှိသူများက ဆင်ဖြူကျွန်းမြို့ စည်ပင်သာယာစျေးအတွင်း  ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့သည်။
Apr 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်အတွင်းရှိ စာသင်တိုက်များမှ ပါဠိပထမပြန်စာမေးပွဲအောင်မြင်တော်မူခဲ့သော သံဃာတော် (၁၅၄)ပါးတို့အား စူဠဘွဲ့နှင်းသဘင်ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားနှင့် နဝကမ္မလှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့ ညနေ (၄)နာရီအချိန်က သီရိမင်္ဂလာဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ကျောင်းသား/ကျောင်းသူ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး စာပေချစ်မြတ်နိုးလာစေရန်၊ စာဖတ်ရှိန်မြင့်မားစေရေးနှင့် အသိပညာဗဟုသုတ ပြည့်စုံစေရေးအတွက် ဟောပြောပွဲနှင့် ဉာဏ်ရည်မြှင့်ပြိုင်ပွဲများကို ယနေ့ နံနက် (၉:၀၀) အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 10,2024
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ဝယ်ယူခဲ့သည့် အရန်ဆန်အိတ်များအနက် စစ်ကိုင်းခရိုင်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာဆက်လက်ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်(၉)နာရီကစ၍ ထုံးဘို၊ စိန်ကုန်း၊ မီးရထားရပ်ကွက်များတွင် ပေးအပ်ခဲ့သည်။
Apr 10,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၏ ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားအား ယနေ့နံနက် ၈ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Apr 10,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၁) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 10,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ ပညာရေးနှင့် ရင်းနှီးကျွမ်းဝင်ပြီး စာတတ်မြောက်ရေးမြင့်တင်နိုင်ရန် အခြေခံစာတတ် မြောက်ရေးလုပ်ငန်းများအတွက် စာသင်ဝိုင်းများကို သတ်မှတ်နေရာများတွင် ယနေ့ဆက်လက်သင်ကြားလျက်ရှိသည်။
Apr 10,2024
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ ရှင်မဿဲမိဘမဲ့ကလေးများဂေဟာတွင် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။