စစ်ကိုင်းမြို့တွင် ယာယီနေရပ်စွန့်ခွာသူများအား ဒုတိယအကြိမ် ဆန်ရိက္ခာများ ထောက်ပံ့

စစ်ကိုင်း ဧပြီ ၁၀

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ဝယ်ယူခဲ့သည့် အရန်ဆန်အိတ်များအနက် စစ်ကိုင်းခရိုင်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာဆက်လက်ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်(၉)နာရီကစ၍  ထုံးဘို၊ စိန်ကုန်း၊ မီးရထားရပ်ကွက်များတွင် ပေးအပ်ခဲ့သည်။

ရိက္ခာဆန်များ ပေးအပ်ရာတွင် ဆန်လက်ခံဖြန့်ဖြူးရေးအဖွဲ့ဝင်များက တစ်ဦးချင်းအလိုက်ဝန်ထမ်း မှတ်ပုံတင်စိစစ်ရေး၊ နိုင်ငံသားမှတ်ပုံတင်စိစစ်ရေးကတ်များဖြင့် တိုက်ဆိုင်စစ်ဆေးမှတ်တမ်းတင်ခြင်း၊ ဖြန့်ဝေပြီးစီးမှုအခြေအနေများအား စာရင်းရှိ၊ ထုတ်ပေးပြီးစီးမှု၊ လက်ကျန်စာရင်းရေးဆွဲ၍ စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြသည်။

ယနေ့ရိက္ခာဆန်ထောက်ပံ့ပေးအပ်ရာတွင် ထုံးဘိုရပ်ကွက်တွင် အိမ်ထောင်စု(၇၉)စု၊ လူဦးရေ (၂၉၆)ဦး၊ စိန်ကုန်းရပ်ကွက်တွင် အိမ်ထောင်စု(၂၅၀)စု၊ လူဦးရေ(၉၉၆)ဦး၊ မီးရထားရပ်ကွက်တွင် အိမ်ထောင်စု(၆၀)စု၊ လူဦးရေ(၂၁၅)ဦးအား ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်တွင် ဆန်အိတ်ပေါင်း(၁၄၂၀)အိတ်၊ ယခု ဒုတိယအကြိမ်တွင် ဆန်အိတ်ပေါင်း(၁၄၄၀)အိတ်တို့ ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဇော်မြင့်နိုင်