ညောင်ဦး ဧပြီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ ပညာရေးနှင့် ရင်းနှီးကျွမ်းဝင်ပြီး စာတတ်မြောက်ရေးမြင့်တင်နိုင်ရန် အခြေခံစာတတ် မြောက်ရေးလုပ်ငန်းများအတွက် စာသင်ဝိုင်းများကို သတ်မှတ်နေရာများတွင် ယနေ့ဆက်လက်သင်ကြားလျက်ရှိသည်။
ညောင်ဦးမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ စာတတ်မြောက်ရေးစာသင်ဝိုင်း (၈၂)ဝိုင်းတို့အား သင်တန်းနည်းပြ(၈၂)ဦးနှင့် အရန်သင်တန်းနည်းပြ(၈၂)ဦးတို့မှ သင်တန်းသား/သူ (၁၂၂၅) ဦးတို့အား သင်ကြားပေးလျက်ရှိကြောင်းသိရပြီး မေ(၁၆)ရက် ထိသင်ကြားသွားမည် ဖြစ်ကြောင်းသိရသည်။
ဒီပါလင်း