အမြို့မြို့အနယ်နယ်သတင်းများ

Apr 10,2024
နိုင်ငံတော်အဆင့် ထေရဝါဒဗုဒ္ဓသာသနာပြု သြဝါဒါစရိယအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်ကြီးနှင့် အဖွဲ့ဝင်ဆရာတော်များသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်သို့ ကြွရောက်လာပြီး ယမန်နေ့တွင် ထေရဝါဒဗုဒ္ဓသာသနာပြုဌာနများအား ကြွရောက်လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
Apr 10,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၈ ရက်နေ့ မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 10,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန (Community Centre) ခန်းမ၌ ထွန်းသစ်စမူကြိုကျောင်းဆင်းပွဲကို ယမန်နေ့နံနက် (၉)နာရီတွင် ကျင်းပသည်။
Apr 10,2024
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက်၊ “ငွေပဒေသာ” စပါးကြိတ်ခွဲစက်နှင့် ဆန်ချောစက်လုပ်ငန်း၊ ဆရာစံရပ်ကွက်၊ “ဝင်းမိသားစု” ဝါးဂွမ်းအစေ့ထုတ်လုပ်ငန်းဆောင်ရွက်နေမှုကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ရာ စပါးကြိတ်ခွဲစက်နှင့် ဆန်ချောစက်လုပ်ငန်းနှင့် ဝါဂွမ်းအစေ့ထုတ်လုပ်ငန်းရှင်များက  လုပ်ငန်းလည်ပတ်ဆောင်ရွက်နေရသည့် လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခဲ့ကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက တင်ပြချက်များအပေါ် လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့ ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး စာစစ်ဌာနတွင်  ပါဠိပထမပြန်စာမေးပွဲဖြေဆိုတော်မူသော ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် ကြီးကြပ်ဆရာတော်များအား ဖူးမျှော်ကြည်ညှိပြီး၊ ဆွမ်း၊ ဘောဇဉ်များ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် မြို့နယ်သံဃနာယကဥက္ကဋ္ဌနှင့် စာမေးပွဲကြီးကြပ် ဆရာတော်များအား ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
Apr 10,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် ယဉ်ကျေးလိမ္မာ၊ ကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ကျည်တောင်ကျေးရွာ အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
Apr 10,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/ကျောင်းသူ လူငယ်များ တွေးခေါ်မှုစွမ်းရည်မြင့်မားရန်၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ ၂ နာရီက ပန်းချီပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
Apr 10,2024
၂၀၂၄ ခုနှစ်၊ သာသနာရေးဦးစီးဌာနမှ အစိုးရပါဠိပထမပြန်စာမေးပွဲကို ဦးဆောင်ကျင်းပလျက်ရှိရာ ​ကေ့ာကရိတ်မြို့နယ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ဧပြီ ၃ ရက်နေ့မှစ၍ ဘားအံမြို့ အထက(ခွဲ)-၃ ကျောင်း၌ ဖြေဆိုတော်မူလျက်ရှိပြီး စာဖြေရဟန်း၊သာမဏေ၊ သီလရှင်များနှင့် ကြီးကြပ်ဆရာ​​တော်များအား ​ကေ့ာကရိတ်ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စေတနာရှင် ပြည်သူများစုပေါင်း၍ နေ့ဆွမ်းများကို ရက်အစဥ်အလိုက် ဆက်ကပ်လှူဒါန်းခဲ့သည်။
Apr 10,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနရှိ (Community Centre)ခန်းမ၌ ဖွင့်လှစ်လျက်ရှိသော အခြေခံပန်းချီသင်တန်း တွင် သင်တန်းသား/သင်တန်းသူများအတွက် ၄၅၃၀၀၀ ကျပ် တန်ဖိုးရှိ 12 water Colour Tube နှင့် စုပ်တံများကို ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်းနှင့် အဖွဲ့ဝင်များက ထောက်ပံ့ပေးအပ်ခဲ့ကြသည်။