မိတ္ထီလာ ဧပြီ ၁ဝ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၏ ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားအား ယနေ့နံနက် ၈ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားတွင် ဦးစွာ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက အဖွင့်အမှာစကားပြောကြားသည်။ထိုနောက် ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီအတွင်းရေးမှူး ခရိုင်စီမံကိန်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်အောင်က ၂ဝ၂၄- ၂ဝ၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ခရိုင်အတွင်းရှိ မိတ္ထီလာ၊မလှိုင်၊ဝမ်းတွင်း၊သာစည် မြို့နယ် များမှ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌများထံသို့ ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များကို ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌကလည်းကောင်း၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများထံသို့ အဆိုပါဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များကလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ချမ်းသာ