အမြို့မြို့အနယ်နယ်သတင်းများ

May 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များပူးပေါင်း၍ မြို့နယ်အတွင်း သောက်ရေပြတ်လပ်မှု မရှိစေရေးသောက်ရေများ လိုက်လံဖြန့်ဝေပေးခြင်းကို ယမန်နေ့နေ့လယ်ပိုင်းအချိန်မှ စတင်၍ သောက်ရေလိုအပ်လျက်ရှိသော ရပ်ကွက်/ ကျေးရွာများသို့ လိုက်လံဖြန့်ဝေပေးကြသည်။
May 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ရပ်ကွက်များနှင့် မြို့မစျေးအတွင်းရှိ ကုန်စုံဆိုင်များတွင် သက်တမ်းလွန်စားသောက်ကုန် ပစ္စည်းများရောင်းချမှု ရှိ / မရှိ ဧရာဝတီတိုင်းဒေသကြီး၊ အစားအသောက်နှင့်  ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင့်ပိုင်နှင့် ဝန်ထမ်းများမှ ငွေဆောင်မြို့ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ ယမန်နေ့နံနက်(၈း၀၀) နာရီမှ စတင်၍  ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
May 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်း ယခုအခါအပူရှိန်ပြင်းထန်၍ သောက်သုံးရေကန်များ ခန်းခြောက်လာသဖြင့် ပြည်သူအများစုမှာ သောက်သုံးရေပြတ်လပ်မှုဖြင့် ကြုံတွေ့နေရသဖြင့် ခရမ်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိဦးမြတ်စိုးမိုးနှင့် တပ်ဖွဲ့ဝင်များက ရေသယ်ယာဉ်များဖြင့် သောက်သုံးရေလိုအပ်နေသည် ပြည်သူများထံ လှည့်လည်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
May 09,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ မွန်းလွဲ ( ၁ ) နာရီ က ပေါင် ရပ်ကွက်ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
May 09,2024
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
May 09,2024
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ အပူဒဏ်ခံစားရမှုအန္တရာယ် လျော့နည်းစေရန် ရည်ရွယ်ဖွင့်လှစ်ထားသည့် အပူရှောင်စခန်းများတွင် လာရောက်အပူရှောင်ကြသည့် သက်ကြီးဘိုးဘွားများနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းက တိုင်းရင်းဆေးဖြင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
May 09,2024
ဧရာဝတီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၄) အစည်းအဝေးကို ယခုလ(၇)ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)တွင် ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဒုတိယဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးနှင့် သက်ဆိုင်ရာဌာနများမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
May 09,2024
၂၀၂၄ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ကို ဂုဏ်ပြုသောအားဖြင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းကို ယမန်နေ့က ကော့သောင်းမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ခဲ့ကြသည်။