အမြို့မြို့အနယ်နယ်သတင်းများ

Apr 10,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဒေသနေပြည်သူများ သဘာဝပတ်ဝန်း ကျင်ပျက်စီးမှု ဖြစ်ပေါ်ရသည့် အကြောင်းအရင်းများကို သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ပတ်သက်၍ အသိပညာပေး နံရံကပ်စာစောင်ကို မြို့ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 10,2024
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ အထွထွေအုပ်ချုပ်ရေဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ဒုတိယအကြိမ် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
Apr 10,2024
ရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသူ/သားများ ဗလငါးတန်နှင့် ဘက်စုံဖွံ့ဖြိုးပြီး ဗဟုသုတတိုးပွားစေရန်၊ အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်၊ ပန်းချီပညာကိုအခြေခံပြီး ဖြတ်ထိုးဉာဏ် ရင့်သန်လာစေရန်၊ လူငယ်များအချင်းချင်း အပြန်အလှန်ပေါင်းသင်းဆက်ဆံတတ်စေရန်၊ အစုအဖွဲ့များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ နွေရာသီပန်းချီအခြေခံ(မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
Apr 10,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က အခြေခံစာကြည့်တိုက်ပညာသင်တန်း ဆက်လက်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
Apr 10,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ ကြက်မင်းတွန်ရပ်ကွက် ဦးနိုင်လင်းဇော် ငှားရမ်းထားသော RC(၂)ထပ် အဆောက်အအုံအောက်ထပ်တွင် ယမန်နေ့ ည(၉)နာရီချိန်ခန့်က မီးအားမြှင့်စက်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Apr 10,2024
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ နိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရှင်သန်နိုင်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက စစ်တွေမြို့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။